ပြင်းထန်သောသွေးကင်ဆာ

ရောဂါဖြစ်စေနိုင်သော အန္တရာယ်အချက်များ

ပြင်းထန်သောသွေးကင်ဆာသည် ရိုးတွင်းခြင်ဆီ(သွေးဆဲလ်အသစ်များ ဖြစ်ပေါ်စေသော အရိုး၏ ပျော့ပျောင်း သော အတွင်းအစိတ်အပိုင်း) ရှိ lymphocytes ဟုခေါ်သော သွေးဖြူဥများမှစတင်သည့် ကင်ဆာရောဂါ ဖြစ်ပါသည်။ သွေးကင်ဆာဆဲလ်များသည် များသောအားဖြင့် သွေးထဲသို့လျင်မြန်စွာ ပျံ့နှံ့ရောက်ရှိတတ်ပါသည်။ ထို့နောက်၎င်းတို့သည် ပြန်ရည်ကျိတ်၊ အသည်း၊ သရက်ရွက်၊ ဗဟိုအာရုံကြောစနစ် (ဦးနှောက်နှင့် ကျောရိုး) နှင့် လိင်အဂ်ါများအပါအဝင် ခန္ဓာကိုယ်၏အခြားအစိတ်အပိုင်းများဆီသို့ ပျံ့နှံ့သွားနိုင်ပါသည်။

ပြင်းထန်သောသွေးကင်ဆာရောဂါကို အမျိုးအစားနှစ်မျိုးခွဲခြားနိုင်ပါသည်။

  1. Acute myeloid leukemia(AML) သည် myeloid အမျိုးအစားဆဲလ်များမူမမှန်မှုများကြောင့် ဖြစ်ပွားသော ကင်ဆာရောဂါဖြစ်ပါသည်။ ၎င်းသည် lymphoblastic သွေးကင်ဆာထက်ပို၍အဖြစ်များပြီး အသက်အရွယ်မရွေး ရောဂါတွေ့ရှိနိုင်ပါသည်။ သို့သော် လူကြီးပိုင်းအရွယ်များတွင် အဖြစ်အများဆုံးဖြစ်ပါသည်။
  2. Acute lymphoblastic leukemia(ALL) သည် lymphoid အမျိုးအစားဆဲလ်များမူမမှန်မှုများကြောင့် ဖြစ်ပွားသော ကင်ဆာရောဂါဖြစ်ပါသည်။ ငယ်ရွယ်သူများတွင်သာမကလူကြီးပိုင်း လူနာများတွင်လည်း တွေ့ရတတ်ပါသည်။ lymphadenopathy ကြောင့်ဖြစ်နိုင်ပြီး ကုသမှုများကို ကောင်းစွာတုံ့ပြန်နိုင်ပါသည်။ 

ပြင်းထန်သောသွေးကင်ဆာရောဂါစတင်ဖြစ်ပွားပြီးနောက် ရက်သတ္တပတ်အတွင်း ရုတ်တရက်ပြင်းထန်လာနိုင်ပြီး ၎င်းသည် သွေးဖြူဥများတိုးပွားလာခြင်းနှင့် တိုက်ရိုက်သက်ရောက်မှုရှိပါသည်။ လူနာများသည် ချက်ခင်းအားနည်းသွားနိုင်သောကြောင့် ဆေးဝါးကုသမှုကိုအမြန်ဆုံးခံယူသင့်ပါသည်။

ရောဂါဖြစ်စေသော အကြောင်းရင်းများ

အောက်ဖော်ပြပါအကြောင်းအချက်များသည် Acute leukemia သွေးကင်ဆာရောဂါဖြစ်ပွားနိုင်ခြေရှိသော အချက်များဖြစ်ပါသည်။

  • အသက်အရွယ်
  • ယခင်က ဓာတ်ရောင်ခြည်ကုထုံး သို့မဟုတ် ဓာတုကုထုံးကို ခံယူခဲ့ဖူးသောလူနာများ
  • ဓာတ်ရောင်ခြည်နှင့်ထိတွေ့မှုရာဇဝင် (ဥပမာ နျူကလီးယား)
  • Benzene သို့မဟုတ် Formaldehyde လက်ခံရရှိမှုရာဇဝင်)
  • Down syndrome ကဲ့သို့ မျိုးရိုးဗီဇချို့ယွင်းသောလူနာများ
  • MDS (Myelodysplastic syndrome) ရှိသောလူနာများ
  • HTLV – 1 ကဲ့သို့သော ဗိုင်းရပ်စ်အမျိုးအစားအချို့ကြောင့် ရောဂါခံစားရသောလူနာများ
  • အချို့သောလူနာများတွင် အန္တရာယ်ရှိသောအချက်များမပြဘဲ ပြင်းထန်သောသွေးကင်ဆာဖြစ်နိုင်ပါသည်။

ရောဂါလက္ခဏာများ

  • ပင်ပန်းနွမ်းနယ်ခြင်း၊ ဖျော့တော့ခြင်း၊ ပုံမှန်မဟုတ်သော သွေးထွက်ခြင်း။
  • အကြောင်းရင်းသေချာမရှိဘဲကိုယ်အလေးချိန်ကျဆင်းခြင်း နှင့် ဖျားခြင်း။
  • ပြန်ရည်ကျိတ်များတွင်တွေ့ရှိရသောအဖုများ
  • အသည်း သို့မဟုတ် ဗေလုံးကြီးခြင်းကြောင့် ဝမ်းဗိုက်တင်းကြပ်ခြင်း။
  • သွားဖုံးသွေးထွက်ခြင်း၊ သွားဖုံးရောင်ခြင်း၊
  • အသက်ရှူရခက်ခဲခြင်း

ရောဂါအမည်

  • ရိုးတွင်းချဥ်ဆီစစ်ဆေးခြင်ဆဲလ်များကိုစစ်ဆေးအကဲဖြတ်ခြင်း၊ ကင်ဆာအမျိုးအစားကို ဆုံးဖြတ်ခြင်းနှင့် အန္တရာယ်ရှိသောအချက်များအတွက် ခရိုမိုဇုန်းများကို စစ်ဆေးခြင်း
  • သွေးစစ်ဆေးခြင်သွေးနှင့် သွေးမြွှားဥများကို စစ်ဆေးခြင်းအပြင် အသည်း၊ ကျောက်ကပ်စသည်တို့၏ လုပ်ဆောင်ချက်များကို သိရှိစေရန်စစ်ဆေးခြင်း။
  • သွေးခဲခြင်းကိုစစ်ဆေးခြင် – AML-M3 ကဲ့သို့သော သွေးထွက်နိုင်ခြေကို စစ်ဆေးခြင်း
  • ခါးဆစ်ကျောရိုးစစ်ဆေးခြင်  ကင်ဆာဆဲလ်များသည် အာရုံကြောစနစ်သို့ ကူးစက်သွားသည်ဟု သံသယရှိပါက စစ်ဆေးခြင်း

ကုသမှု

ဆေးဘက်ဆိုင်ရာအဖွဲ့သည် လူနာအားရုပ်ပိုင်းဆိုင်ရာလုပ်ဆောင်မှု၊ အသက်အရွယ်အပြင် အသင့်လျော်ဆုံးသော ကုသမှုနည်းလမ်းများကိုမရွေးချယ်မီ သွေးကင်ဆာအမျိုးအစားကို ဦးစွာအကဲဖြတ်ပါမည်။ ၎င်းတို့တွင်အောက်ပါတို့ပါဝင်နိုင်ပါသည်။

  • ဓာတုကုထုံးတွင် ဆေးထိုးခြင်း သို့မဟုတ် သောက်ဆေးမှီဝဲခြင်း (တစ်ခါတစ်ရံတွင်နှစ်မျိုးလုံး)။ ဓာတုကုထုံးသည် ကင်ဆာဆဲလ်များကိုပစ်မှတ်ထားပြီး ဖျက်ဆီးကာ ရိုးတွင်းချဥ်ဆီမှ ပုံမှန်သွေးဖြူဥများကို ထုတ်လွှတ်မည် ဖြစ်ပါသည်။ ကုသမှုခံယူနေစဉ်အတွင်း လူနာအများစုသည် သွေးနှင့်သွေးမြွှားဥများပေါင်းစပ်သွင်းခြင်းအပြင် လိုအပ်သလို ပဋိဇီဝဆေးဝါးများကိုခံယူရန်လည်း လိုအပ်မည်ဖြစ်ပါသည်။
  • Allogeneic ပင်မဆဲလ်အစားထိုးကုသခြင်းသည် ကင်ဆာ‌ရောဂါကိုကုသရာတွင် ထိရောက်မှုရှိပါသည်။ allogeneic အစားထိုးကုသမှုတွင် ပင်မဆဲလ်များသည် လူနာ၏တစ်ရှူးအမျိုးအစားနှင့် အနီးစပ်ဆုံးကိုက်ညီသော အလှူရှင်များထံမှ ဖြစ်ပါသည်။ ကနဦးဆင့်တွင်ဤကုသမှုနည်းလမ်းကို ရွေးချယ်ရန်အတွက် ဆရာဝန်မှအကြံပြုနိုင်ပါသည်။
  • Lekaphereis သည် သွေးနမူနာမှ သွေးဖြူဥများကို ခွဲထုတ်သည့် လုပ်ငန်းစဉ်ဖြစ်ပါသည်။ လူနာများတွင် သွေးဖြူဥအရေအတွက်မြင့်မားခြင်း သို့မဟုတ် ပင်ပန်းနွမ်းနယ်ခြင်းနှင့် စိတ်ရှုပ်ထွေးခြင်းကဲ့သို့သော hyperleukoctosis ၏လက္ခဏာများပြသသည့် ကိစ္စရပ်များတွင် လုပ်ဆောင်နိုင်ပါသည်။
  • Intrathecal Chemotherapy ကို ဦးနှောက် သို့မဟုတ် ကျောရိုးတစ်ဝိုက်သို့ ကင်ဆာဆဲလ်များ ပျံ့နှံ့သွားသည့် ကိစ္စရပ်များတွင် လုပ်ဆောင်ပါသည်။ ၎င်းကို များသောအားဖြင့် cerebrospinal fluid (CSF) မှတစ်ဆင့် စီမံဆောင်ရွက်ပြီး ကင်ဆာဆဲလ်များမရှိတော့သည့်အထိဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပါသည်။

ဓာတ်ရောင်ခြည်ကုထုံးဦးနှောက်သို့ ပြန့်ပွားနိုင်ခြေရှိသော ပြင်းထန်သောသွေးကင်ဆာရောဂါအတွက် ရည်ရွယ်ပါသည်။

ကျွမ်းကျင်ဌာန

  • ပြီးပြည့်စုံသောကုသမှုများပေးနိုင်ရန်နှင့် စဉ်ဆက်မပြတ်တိုင်ပင်ဆွေးနွေးရန်အတွက် သွေးရောဂါဆိုင်ရာ ကင်ဆာအထူးပြုဆေးဘက်ဆိုင်ရာအဖွဲ့။
  • ၎င်းတွင် ဓာတုကုထုံး သို့မဟုတ် ပင်မဆဲလ်အစားထိုးကုသမှုများ ပါဝင်ပါသည်။
    HLA (Human Leukocyte Antigen) ပါ၀င်သောပင်မဆဲလ်အစားထိုးခြင်း၊ ပင်မဆဲလ်အစားထိုးခြင်း နှင့်ဆက်စပ်သော ကိုက်ညီမှုတို့အတွက် အထူးပြုထားသော ဆေးပညာရှင်အဖွဲ့။ ဘန်ကောက်သွေးနှင့်ချဥ်ဆီပင်မဆဲလ်အစားထိုးကုသရေးစင်တာသည် HLA ပင်မဆဲလ်အစားထိုးခြင်းနှင့် Haploidentical ပင်မဆဲလ်အစားထိုးခြင်းတို့တွင် အတွေ့အကြုံများစွာရှိပါသည်။ ဆရာဝန်၏အကြံပြုချက်များနှင့်ကုသမှုအတွက်ဆုံးဖြတ်ချက်များသည် ကင်ဆာရောဂါ၏ပြင်းထန်မှု၊ လူနာ၏ ခရိုမိုဆုန်းများနှင့် အခြားသောအကြောင်းအချက်များအပေါ် အခြေခံမည်ဖြစ်ပါသည်။
  • သွေးနှင့် ချဥ်ဆီ ပင်မဆဲလ် အစားထိုး ကုသရေး စင်တာသည် ခေတ်မှီစက်ကိရိယာများ၊ နိုင်ငံတကာ စံနှုန်းများနှင့် ကိုက်ညီသောကုသစောင့်ရှောက်မှုများဖြင့် ဝန်ဆောင်မှု ပေးလျက်ရှိပါသည်။
  • ကူးစက်ရောဂါ၊ အဆုတ်ရောဂါ (သို့) နှလုံးရောဂါနှင့် သက်ဆိုင်သော နယ်ပယ်ပေါင်းစုံမှ ဆေးပညာရှင်များသည် Chemotherapy ပြုလုပ်နေစဥ်နှင့် ပြုလုပ်ပြီးချိန် နောက်ဆက်တွဲဖြစ်လာသော မည့်သည့်ပြဿာနာကိုမဆို တစ်ချိန်တည်း ကုသဖြေရှင်းနိုင်ရန်အသင့် ရှိပါသည်။
  • ကင်ဆာဆေးသွင်း ကုသဆောင်မှ အထူးကျွမ်းကျင် သူနာပြုအဖွဲ့သည် အတွေ့အကြုံကောင်းများရှိနှင့်ပြီးဖြစ်သောကြောင့် Chemotherapy ပြုလုပ်နေစဥ်အတွင်း ဖြစ်ပေါ်လာနိုင်သည့် နောက်ဆက်တွဲမည့်သည့်ပြဿာနာကိုမဆို ဖြေရှင်းရန် အသင့်ရှိနေပါသည်။

စာရေးသူ

Dr. Nuchanan Areethamsirikul
သွေးရောဂါအထူးကုဆရာဝန်