စီမံခန့်ခွဲမှု

“Making cancer care beyond excellence”

Bangkok Cancer Hospital, Wattanosoth Cancer Hospital မှ ညွှန်ကြားရေးမှူး၏စာလွှာ

ကင်ဆာရောဂါသည် ကမ္ဘာတစ်ဝှမ်းတွင်သေဆုံးမှုများ၏ အဓိကအကြောင်းရင်းတစ်ခုဖြစ်ပါသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းကြီးသည် တစ်နှစ်လျှင်ကင်ဆာရောဂါခံစားနေရသော ဝေဒနာရှင်အသစ် သန်း ၂၀ နီးပါးရှိသည်ဟု ခန့်မှန်းထားပါသည်။

ကင်ဆာရောဂါသည် ခန္ဓာကိုယ်၏နေရာတိုင်းနီးပါးတွင်ဖြစ်ပွားနိုင်သော ရောဂါအုပ်စုဖြစ်ပြီး ရောဂါဖြစ်ပွားမှု လမ်းကြောင်းသည် ရောဂါကုသမှုအစီအစဉ်အပေါ်လွှမ်းမိုးမှုရှိသောကြောင့် အလွန်ရှုပ်ထွေးသွားစေနိုင်ပါသည်။

ကင်ဆာရောဂါလူနာများသည် ရေရှည်ကျန်းမာရေးကောင်းမွန်မှုအတွက် အကောင်းဆုံးအခွင့်အရေးများ ရရှိချိန်ဖြစ်သော ရောဂါဖြစ်ပွားမှုအစောပိုင်းအခြေအနေနှင့် တိကျမှန်ကန်သောရောဂါရှာဖွေခြင်းနှင့် ကုသမှုများအပါအဝင် အထူးပြုဆေးဘက်ဆိုင်ရာကျွမ်းကျင်ပညာရှင်များ၏စောင့်ရှောက်မှုများကို လိုအပ်ပါသည်။ ထိုအချိန်တွင် Wattanosoth ဘန်ကောက်ကင်ဆာအထူးကုဆေးရုံကြီးသည် ကင်ဆာရောဂါကုသမှုအတွက် မှန်ကန်သော ရွေးချယ်မှုဖြစ်ပါသည်။

Wattanosoth ဘန်ကောက်ကင်ဆာအထူးကုဆေးရုံကြီးသည် ကင်ဆာရောဂါဝေဒနာရှင်များကို ကြိုတင်ပြုစု စောင့်ရှောက်ရန်နှင့် ကျွန်ုပ်တို့၏လူနာများအားကိုယ်ချင်းစာစိတ်ဖြင့် ပြုစုစောင့်ရှောက်ပေးသည့် ဘန်ကောက်ဆေးရုံကြီး၏ မွန်မြတ်လှသော “Advance and Caring” ဟူသောခံယူချက်အောက်တွင် တည်ထောင်ထားသော ပုဂ္ဂလိကကင်ဆာအထူးကုဆေးရုံကြီးဖြစ်ပါသည်။

ကျွန်ုပ်တို့သည် ကင်ဆာရောဂါလူနာများကို ‌ရောဂါဖြစ်ပွားမှုမှကာကွယ်ခြင်း၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းဆိုင်ရာများအတွက် အရည်အသွေးပြည့်မီသော ဝန်ဆောင်မှုများကိုပေးဆောင်ပါသည်။

Wattanosoth ဘန်ကောက်ကင်ဆာအထူးကုဆေးရုံကြီးသည် ကင်ဆာရောဂါကို တိုက်ဖျက်ရန်နှင့် လူနာများအား ဘဝအရည်အသွေးပိုမိုကောင်းမွန်စေရန်၊ ထိရောက်ကောင်းမွန်သောကုသမှုရလဒ်များကို အတူတကွပံ့ပိုးကူညီရန် ကတိပြုပါသည်။ ကျွန်ုပ်တို့သည် ကမ္ဘာလုံးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများနှင့်အတူ အတူတကွပူးပေါင်း လုပ်ဆောင်နေပါသည်။

"ကင်ဆာရောဂါကိုကုသခြင်းတွင် သာလွန်ကောင်းမွန်ခြင်းထက်ပိုသော"

ပါမောက္ခ ဒေါက်တာ Thiravud Khuhaprema