ရိုးတွင်းချဥ်ဆီကင်ဆာ
ရောဂါဖြစ်စေနိုင်သော အန္တရာယ်အချက်များ
- ရိုးတွင်းချဥ်ဆီကင်ဆာဆိုသည်မှာ သွေးဖြူဥဆဲလ်အမျိုးအစားတစ်ခုဖြစ်သည့် သွေးရည်ကြည်ဆဲလ်တွင် တွေ့ရသော ကင်ဆာ ဖြစ်သည်။ သွေးရည်ကြည်ဆဲလ်သည် ရောဂါဖြစ်စေသည့် ပိုးမွှားများကို သတိပြုတိုက်ခိုက်ပေးသည့် ပဋိပစ္စည်းများ ပြုလုပ်ခြင်းဖြင့် ရောဂါပိုးများကို တိုက်ဖျက်ရန် ကူညီပေးသည်။ Multiple myelomaသည် ကင်ဆာဆဲလ်များကို ကျန်းမာကောင်းမွန်သော သွေးဆဲလ်များရှိသည့် ရိုးတွင်းချဥ်ဆီထဲတွင် စုပုံစေသည်။ သွေးရည်ကြည်ဆဲလ်၏အဓိက လုပ်ဆောင်ချက်မှာ ခန္ဓာကိုယ်ခုခံအားကောင်းအောင် antibodies (သို့) immunoglobulinခေါ်သည့် ပရိုတင်းများ ထုတ်လုပ်ပေးခြင်းဖြစ်သည်။
- သွေးရည်ကြည်ဆဲလ်ပမာဏသည် ပုံမှန်အားဖြင့် ရိုးတွင်းချဥ်ဆီ၌ အများဆုံး 2-3ရာခိုင်နှုန်းမျှသာ ပါဝင်သည်။ သို့ရာတွင် multiple myelomaသည် သွေးရည်ကြည်ဆဲလ်ပမာဏအား 10%အထပ် တိုးပွားလာကာ ခန္ဓာကိုယ်ခုခံပေးသော immunoglobulin ထုတ်လုပ်ပေးသည့် လုပ်ဆောင်မှုကို ချို့ယွင်းထိခိုက်ပျက်စီးလာစေသည်။ ထို့ကြောင့် ခန္ဓာကိုယ်၏အစိတ်အပိုင်းများတွင် ကင်ဆာဖြစ်စေသော အန္တရာယ်ရှိသည့်ပရိုတင်းများ အဖြစ်သို့ ပြောင်းလဲသွားသည်။ ဥပမာဆိုရသော် အရိုးပွခြင်း၊ အရိုးကျိုးခြင်း၊ ကျောက်ကပ် ကောင်းစွာ အလုပ်မလုပ်တော့ခြင်း၊ ရှိသင့်သည့် ကယ်လ်စီယမ်ပမာဏမှ အန္တရာယ်ဖြစ်စေသော ပမာဏသို့ ပြောင်းသွားခြင်းဖြစ်သည်။
- အများအားဖြင့်အသက် 60နှင့် 70ကြားအရွယ်တွင် အဖြစ်များကြသည်။ အသက်40အောက် အရွယ်တွင် ဖြစ်နိုင်ချေနည်းသည်။
- တစ်ခါတစ်ရံ သွေးရည်ကြည်ဆဲလ်လေးများသည် ရိုးတွင်းချဥ်ဆီအပြင်ဘက်တွင် အကျိတ်ပုံစံဖြင့် ရှိနေတတ်သည်။ ထိုသို့ဖြစ်သည်ကို ပလာစမာစီတိုမာဟုခေါ်၍ ကျောရိုး၊ ရင်ညွန့်ရိုး၊ နံရိုးတို့၌ အတွေ့များပါသည်။
- လက်ရှိတွင် multiple myeloma အတွက် ကုသခြင်းနည်းလမ်းမရှိသေးသော်လည်း ခေတ်မှီတိုးတက်လာသော ဆေးပညာဖြင့် လူနာအား သက်တမ်းစေ့ နေနိုင်ရန် အတိုင်းအတာတစ်ခုအထိ ကုသလာနိုင်ပါသည်။
ရောဂါဖြစ်စေသော အကြောင်းရင်းများ
- ကင်ဆာဖြစ်ရခြင်း အကြောင်းအရင်းအတိအကျကို ရှာဖွေ မတွေ့ရှိသေးပါ။
- ပုံမမှန်သည့် ပရိုတင်းဓာတ်ရှိနေသော လူနာအဖို့ ကင်ဆာဖြစ်စေနိုင်သော ရာခိုင်နှုန်းအန္တရာယ်မှာ နှစ်စဥ် 1%နှုန်းဖြင့် မြင့်တတ်နိုင်ပါသည်။
ရောဂါလက္ခဏာများ
- ပုံမမှန်သည့် ပရိုတင်းဓာတ်ရှိနေသော လူနာအဖို့ ကင်ဆာဖြစ်စေနိုင်သော ရာခိုင်နှုန်းအန္တရာယ်မှာ နှစ်စဥ် 1%နှုန်းဖြင့် မြင့်တတ်နိုင်ပါသည်။
- ပုံမမှန်သည့် ပရိုတင်းဓာတ်ရှိနေသော လူနာအဖို့ ကင်ဆာဖြစ်စေနိုင်သော ရာခိုင်နှုန်းအန္တရာယ်မှာ နှစ်စဥ် 1%နှုန်းဖြင့် မြင့်တတ်နိုင်ပါသည်။
- စိတ်ရှုပ်ထွေးခြင်း၊ ဝမ်းချုပ်ခြင်း၊ ဆီးမထိမ်းနိုင်ခြင်းများ ဖြစ်လာစေရန်ဦးတည်သည့် သွေးတွင်း ကယ်လ်စီယမ်ဓာတ်မြင့်မားလာခြင်း။
- ရုတ်တရက် ကိုယ်အလေးချိန်လျော့ကျသွားခြင်း။
ရောဂါအမည်
- သွေးကင်ဆာဖြစ်စေသော သွေးရည်ကြည်ပါဝင်မှုနှင့် သွေးဥအရေအတွက်များကို ခန့်မှန်းနိုင်ရန်အတွက် သွေးစစ်ဆေးခြင်း။
- ကင်ဆာဖြစ်စေသည့် ပုံမမှန်ဆဲလ်များထုတ်ပေးသော ပရိုတင်းဓာတ်၊ ရောဂါပိုးများကိုကာကွယ်ပေးသော ကိုယ်ခံအား နှင့်
- သွေးရည်ကြည် မမာဏာများအား တိုင်းတာနိုင်ရန် သွေးစစ်ဆေးခြင်း။
- ကျောက်ကပ်လုပ်ဆောင်ချက်, ကယ်လ်စီယမ် နှင့် တခြားသောသတ္တုဓာတ်များအား တိုင်းတာ စစ်ဆေးခြင်း။
- သွေးရည်ကြည်ဆဲလ်များ နှင့် ခရိုမိုဆုန်းများ၏ ပမာဏကိုတိုင်းတာ၍ ကုသမှုနည်းလမ်းကို ခန့်မှန်းနိုင်ရန် ရိုးတွင်းချဥ်ဆီ စစ်ဆေးခြင်း။
- ဓာတ်မှန်ရိုက်ခြင်း (အရိုးဖွဲ့စည်းပုံ စစ်ဆေးခြင်း) ကင်ဆာဖြစ်စေသည့် ပုံမမှန်ဆဲလ်များထုတ်ပေးသော ပရိုတင်းမမာဏာကို ခန့်မှန်းတိုင်းတာရန် ဆီးစစ်ဆေးခြင်း။
ကုသမှု
- ကင်ဆာဆေးသွင်းခြင်းသည် အဓိကကုသခြင်းနည်းလမ်းဖြစ်သည်။ လူနာ၏ အသက်အပိုင်းအခြားနှင့် ရုပ်ပိုင်းဆိုင်ရာ ခံနေရည်ရှိမှု အခြေအနေအပေါ်ဆုံးဖြတ်၍ အသင့်တော်ဆုံးသော ဆေးအမျိုးအစာကို ရွေးချယ်အသုံးပြုလေ့ရှိသည်။ Multiple myeloma ကုသခြင်းအတွက် Novel therapyသည် ပုံမှန် chemotherapyဖြင့် နှိုင်းယှဥ်လျှင် ပို၍ထိရောက်မှုရှိကြောင်း တွေ့ရှိခဲ့သည်။ အခြားသော အသစ်ထွက်ရှိသည့် Proteasome inhibitor နှင့် immunomodulators ဆေးများသည်လည်း ရောဂါထပ်မဖြစ်စေရန် ကာကွယ်ပေးသည်။
- ကိုယ်ပိုင်stem cellဖြင့် အစားထိုးကုသခြင်း – ရုပ်ပိုင်းဆိုင်ရာအားဖြင့်ကျန်းမာသော အသက်65နှစ်အောက်လူနာများတွင် chemotherapy ပြီးနောက် ပေးလေ့ရှိသည်။ အသက် 65 အထက်လူနာများအတွက်ကိုမူ ရုပ်ပိုင်းဆိုင်ရာ လိုအပ်သောစမ်းသပ်စစ်ဆေးမှုနဲ့ ဆရာဝန်၏ဆုံးဖြတ်ချက် လိုအပ်ပါသည်။
- အခြားသော ကိုယ်အင်္ဂါအစိတ်အပိုင်းများသို့ ပျံ့နှံ့တတ်သော ပလာစမာစီတိုမာ (သို့) အရိုးကျိုးခြင်းကြောင့် ပြင်းထန်သော နာကျင်မှု အခြေအနေတို့အား သက်သာစေရန် အပူပေးဖျက်ဆီးဖယ်ရှားခြင်း။
- အရိုးပွခြင်း၊ ထိခိုက်ပျက်စီးခြင်း ထပ်မံမဖြစ်စေရန် Biphosphanate ကဲ့သို့သော အရိုးသန်မာစေသည့် ဆေးများကိုသောက်သုံးခြင်း။
- နာကျင်မှုသက်သာစေရန် ကျိုးနေသော ကျောရိုးဆစ်များ အတွင်း Balloon stentဖြင့် ဘိလပ်မြေအရည်ထိုးကာ ပုံပြန်သွင်းခြင်း။
ကျွမ်းကျင်ဌာန
- သွေးနှင့်ပတ်သက်သော ကင်ဆာအထူးပြုသည့် ဆေးဘက်ဆိုင်ရာ အဖွဲ့ သည်လည်း လူနာအား ဆက်လက်ကုသနိုင်ရန် နှင့် ဆွေးနွေးမှု ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်နိုင်ရန် ရှိနေပါသည်။ Chemotherapy or stem cell transplant ကုသမှုလည်း ပါဝင်ပါသည်။
- သွေးနှင့်ပတ်သက်သော ကင်ဆာအထူးပြုသည့် ဆေးဘက်ဆိုင်ရာ အဖွဲ့ သည်လည်း လူနာအား ဆက်လက်ကုသနိုင်ရန် နှင့် ဆွေးနွေးမှု ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်နိုင်ရန် ရှိနေပါသည်။ Chemotherapy or stem cell transplant ကုသမှုလည်း ပါဝင်ပါသည်။
- ကူးစက်ရောဂါ၊ အဆုတ်ရောဂါ (သို့) နှလုံးရောဂါကဲ့သို့သော ဆေးဌာန နယ်ပယ်ပေါင်းစုံမှ တတ်ကျွမ်းသူ ပညာရှင်များသည် Chemotherapy ပြုလုပ်နေစဥ်နှင့် ပြုလုပ်ပြီးချိန် နောက်ဆက်တွဲဖြစ်လာသော မည့်သည့်ပြသာနာကိုမဆို တစ်ချိန်တည်း ကုသဖြေရှင်းနိုင်ရန် ရှိပါသည်။
- Chemotherapy ဌာနဆောင်မှ အထူးကျွမ်းကျင် သူနာပြုအဖွဲ့သည် အတွေ့အကြုံကောင်းများရှိနှင့်ပြီးဖြစ်သောကြောင့် Chemotherapy ပြုလုပ်နေစဥ်အတွင်း ဖြစ်ပေါ်လာသည့် နောက်ဆက်တွဲမည့်သည့်ပြသာနာကိုမဆို ဖြေရှင်းရန် အသင့်ရှိနေပါသည်။
စာရေးသူ
Dr. Nuchanan Areethamsirikul
သွေးရောဂါအထူးကု ဆရာဝန်