ရင်သားအထူးကုစင်တာ

ကျွန်ုပ်တို့အကြောင်း

ကိန်းဂဏန်းများအရ ရင်သားကင်ဆာဖြစ်ပွားမှုသည် ထိုင်းနိုင်ငံနှင့် ကမ္ဘာတစ်ဝှမ်းလုံးတွင် တဖြည်းဖြည်း မြင့်တက်လာနေကြောင်း သိရှိရပါသည်။ ဤအချက်ကြောင့် ဘန်ကောက်ကင်ဆာအထူးကုဆေးရုံ (Wattanosoth Cancer Hospital) သည် အသက်အရွယ်မရွေး အမျိုးသမီးများကို ပြုစုစောင့်ရှောက်ပေးရန်အတွက် ရင်သားအထူးကုစင်တာကို တည်ထောင်ခဲ့ပါသည်။ ရင်သားကင်ဆာစင်တာသည် ခွဲစိတ်ဆရာဝန်များ၊ ဓာတ်မှန်ဆရာဝန်များ၊ မေ့ဆေးဆရာဝန်များနှင့် ကင်ဆာအထူးကုဆရာဝန်များပါ၀င်သည့် နယ်ပယ်ပေါင်းစုံမှ အထူးကုဆရာဝန်များအဖွဲ့မှ ရင်သားကင်ဆာအတွက် နောက်ဆုံးပေါ်နည်းပညာများဖြင့် တိုင်ပင်ဆွေးနွေးခြင်း၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းတို့ကို ပြုလုပ်ပေးပါသည်။ ကျွန်ုပ်တို့၏ဝန်ဆောင်မှုများသည် အမေရိကန်ပြည်ထောင်စုမှ JCI အသိအမှတ်ပြုခြင်းရရှိထားပြီး နိုင်ငံတကာစံနှုန်းများနှင့်ကိုက်ညီပါသည်။



ရင်သားကင်ဆာကို စောစီးစွာ ရောဂါရှာဖွေတွေ့ရှိပါက ပျောက်ကင်းအောင်ကုသနိုင်ပြီး လူနာများအား ရောဂါလက္ခဏာမပြမီတွင်ပင် ဆေးစစ်မှုပြုလုပ်ရန် အကြံပြုပါသည်။ ထိုသို့စောစီးတွေ့ရှိပါက ကုသမှုကုထုံးများ ရွေးချယ်နိုင်ရန် အခွင့်အလမ်းပိုများခြင်းနှင့် အောင်မြင်သောကုသမှုရရှိရန် အခွင့်အလမ်းကို ပိုမိုရရှိနိုင်မည် ဖြစ်ပါသည်။

ရင်သားအထူးကုစင်တာ၏ ဝန်ဆောင်မှုများ

  • အသက် ၄၀ နှစ်နှင့်အထက် အမျိုးသမီးများအတွက် ရင်သားကင်ဆာရှာဖွေစစ်ဆေးခြင်း
  • မိသားစုတွင် ရင်သားကင်ဆာရောဂါဖြစ်ဖူးသူရှိသော အမျိုးသမီးများအတွက် ရင်သားကင်ဆာရှာဖွေစစ်ဆေးခြင်း
  • ရက်ချိန်းပြန်လည်ပြသဆွေးနွေးခြင်း
  • ရင်သားဓာတ်မှန်ရိုက်ခြင်းနှင့် ရင်သားအာထရာဆောင်းရိုက်ခြင်း
  • ရင်သားခွဲစိတ်ခြင်း
  • ဓာတ်ရောင်ခြည်ကုထုံးနှင့် ဓာတုကုထုံး

ရင်သားအထူးကုစင်တာ၏ ကောင်းမွန်သောကုသမှုအစီအစဉ်များ

  • ကျွန်ုပ်တို့သည် အရည်အသွေးပိုင်းဆိုင်ရာအတွက် နိုင်ငံတကာစံနှုန်းများဖြင့် တစ်နေရာတည်းတွင် ပြည့်စုံသောဝန်ဆောင်မှုကို ပေးလျက်ရှိပါသည်။
  • စဉ်ဆက်မပြတ်အကဲဖြတ်ခြင်းအတွက် ကုသမှုတွင်ပါ၀င်သော ဆေးဘက်ဆိုင်ရာကျန်းမာရေးအဖွဲ့များနှင့် ဆက်သွယ်စည်းဝေးသော Tumor Conference ရှိပါသည်။ 
  • ဆေးစစ်ကုသရာတွင် လူနာဘေးကင်းလုံခြုံစေရန်အတွက် လူနာနှင့်မိသားစုသည် စစ်ဆေးကုသရန် ဆုံးဖြတ်ချက်ချသည့် လုပ်ငန်းစဉ်တိုင်းတွင် ပါဝင်စေပါသည်။
  • JCI အသိအမှတ်ပြု ရင်သားခွဲစိတ်မှုနှင့် ရင်သားနှစ်ဖက်ညီညာစေရန် ပြန်လည်ပြုပြင်မှုသည် ဘဝအရည်အသွေးနှင့် အလှအပဆိုင်ရာအတွက် အထောက်အကူဖြစ်စေပါသည်။
  • ခွဲစိတ်မှု၊ ဓာတ်ရောင်ခြည်ကုထုံးနှင့် ဓာတုကုထုံးများဖြင့် ကုသပြီးနောက် လူနာများအတွက် နောက်ဆက်တွဲစောင့်ကြည့်ရေးအစီအစဉ်အပြင် တိုင်ပင်ဆွေးနွေးမှုကို ၂၄ နာရီ/ ၇ ရက် လိုအပ်သလိုပေးနိုင်ရန် ကျန်းမာရေးအဖွဲ့ရှိပါသည်။

ကျွန်ုပ်တို့သည် လိုအပ်ပါက ကုသမှုဆိုင်ရာ ကျွမ်းကျင်သူ၏ အကြံဉာဏ်ကို ထပ်မံရယူပေးပါသည်။

  • ကျွန်ုပ်တို့သည် လူနာနှင့် မိသားစုများအား ကုသမှုပိုင်းဆိုင်ရာ ဆုံးဖြတ်ချက်ချရန် လိုအပ်သောအချက်အလက်များကို ရှင်းပြပေးပါသည်။
  • လူနာများသည် လိုအပ်ပါက အခြားသော ကျော်ကြားသော ဆေးရုံများနှင့် ဆေးခန်းများမှ ဒုတိယ သဘောထားအမြင်ကို ရရှိနိုင်မည်ဖြစ်ပါသည်။

သတင်းအချက်အလက် ပိုမိုရယူရန် ဆက်သွယ်ပေးပါ
ရင်သားအထူးကုစင်တာ
တတိယထပ်၊ ဘန်ကောက်ကင်ဆာဆေးရုံကြီး
တနလႅာ၊ အင်္ဂါ၊ သောကြာ၊‌ စနေ မနက် ၈ နာရီ မှ ညနေ ၄ နာရီ