ကင်ဆာဆေးပညာစင်တာ

ကျွန်ုပ်တို့အကြောင်း

ကင်ဆာဆေးပညာစင်တာသည် ‌ကင်ဆာရောဂါနှင့်ပတ်သက်သော ဆေးဝါးဆိုင်ရာကုသမှုများအတွက် ပြင်ပလူနာအနေဖြင့် ကျန်းမာရေးစောင့်ရှောက်ဝန်ဆောင်မှုများကိုပေးရန် ရည်ရွယ်ပါသည်။ ကင်ဆာရောဂါဆေးပညာဆိုသည်မှာ ကင်ဆာဆဲလ်များ ကြီးထွားခြင်း၊ ပြန့်ပွားခြင်းကို ဖျက်ဆီးခြင်း၊ ရပ်တန့်စေရန် ရည်ရွယ်၍ ဓာတုကုထုံးကဲ့သို့သော ဆေးဝါးများဖြင့် ကုသခြင်းဖြစ်ပါသည်။ လူနာ၏ လူနေမှုဘဝအရည်အသွေးကို မြှင့်တင်ပေးပြီး ပြန်ဖြစ်နိုင်ခြေကို တားဆီးပေးသည့် ကုသမှုများကို အဓိကထားဆောင်ရွက်ပေးပါသည်။ လူနာများနှင့် မိသားစုဝင်များကို ကုသနည်းလမ်းများ ရွေးချယ်နိုင်စေရန်အတွက် ပြည့်စုံစွာရှင်းပြမည်ဖြစ်ပြီး လိုအပ်သောအဆင့်တိုင်းတွင် ကိုယ်တိုင်ပါဝင် ဆုံးဖြတ်နိုင်မည်ဖြစ်ပါသည်။ ကင်ဆာအထူးကုဆရာဝန်များနှင့်တကွ နယ်ပယ်ပေါင်းစုံမှ အထူးကုဆရာဝန်များဖြင့်ဖွဲ့စည်းထားသော ဆေးဘက်ဆိုင်ရာပညာရှင်များအဖွဲ့၏ စောင့်ရှောက်မှုအောက်တွင် လူနာတစ်ဦးချင်းစီနှင့် ကိုက်ညီသော ကုသမှုအစီအစဉ်နှင့် ဝန်ဆောင်မှုများအား ပြုလုပ်ပေးလျက်ရှိပါသည်။ ထို့အပြင် သိရှိလိုသောမေးခွန်းများ သို့မဟုတ် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လာပါက ဖြေကြားပေးရန်အတွက် တိုင်ပင်ဆွေးနွေးမှုကို အလွယ်တကူ ရရှိနိုင်ပါသည်။

ဝန်ဆောင်မှုများ

သက်ဆိုင်ရာကင်ဆာအထူးကုဆရာဝန်များနှင့် လူနာ ဆွေးနွေးတိုင်ပင်ပြီး ဆေးဝါးများဖြင့်ကုသခြင်းအပြင် အခြားကုသမှုအမျိုးအစားများနှင့် ပေါင်းစပ်မှုကုသပေးလျက်ရှိပါသည်။ ကျွန်ုပ်တို့၏ ကုသခြင်းဝန်ဆောင်မှုများမှာ

ကင်ဆာဓာတုဆေးကုထုံး (Chemotherapy)

  • ကင်ဆာဓာတုဆေးကုထုံးသည် ကင်ဆာဆဲလ်များကို ဓာတုဗေဒပစ္စည်းများအသုံးပြု၍ ရောဂါကုသခြင်းကို ရည်ညွှန်းပါသည်။
  • ကင်ဆာကုထုံးဆေးဝါးများတွင် သောက်ဆေး သို့မဟုတ် ထိုးဆေးများပါဝင်ပါသည်။ ဆေးဝါးများသည် သွေးစီးဆင်းမှုမှတစ်ဆင့် ခန္ဓာကိုယ်တစ်ခုလုံးသို့ ပျံ့နှံ့သွားသည့်အတွက် ခန္ဓာကိုယ်အနှံ့ကုသခြင်း (body-wide or systemic treatment) ဟုသတ်မှတ်ပါသည်။
  • ကင်ဆာရောဂါကို ကုသရန် ကင်ဆာပြန့်ပွားမှုကို ထိန်းချုပ်ရန်နှင့် ကင်ဆာကို မကုသနိုင်သောအခါတွင် ရောဂါလက္ခဏာများ သက်သာစေရန်  ကင်ဆာဆေးကုထုံးကို အသုံးပြုနိုင်ပါသည်။

ဟော်မုန်းကုထုံး (Hormone therapy)

  • အချို့သောကင်ဆာများသည် ကြီးထွားရန်အတွက် ဟော်မုန်းများ လိုအပ်ပါသည်။ ဟော်မုန်းကုထုံးဆိုသည်မှာ ဆေးဝါးများအသုံးပြု၍ ဟော်မုန်း၏ အာနိသင်ကို တားဆီးကာ ကင်ဆာကုသခြင်းဖြစ်ပါသည်။ ကင်ဆာအမျိုးအစားအားလုံးအတွက် အကျိုးသက်ရောက်မှုမရှိနိုင်ပါ။
  • ဟော်မုန်းကုထုံးသည် ဟော်မုန်းအပေါ်တုံ့ပြန်မှုအားကောင်းသော သို့မဟုတ် ဟော်မုန်းအပေါ်မှီခိုနေရသော ကင်ဆာများ (ဥပမာရင်သားကင်ဆာ) ကို ထိရောက်စွာကုသနိုင်ပါသည်။
  • ဟော်မုန်းများထုတ်လုပ်မှုကို တားဆီးပေးခြင်း သို့မဟုတ် ဟော်မုန်းများမှ ကင်ဆာဆဲလ်များ ကြီးထွားပြန့်ပွားမှုကို ကူညီနိုင်ခြင်းမရှိစေအောင် ဟန့်တားပေးပါသည်။

ပစ်မှတ်ထားကုထုံး (Targeted therapy)

  • ပစ်မှတ်ထားကုထုံးသည် ကင်ဆာကုသမှုအသစ်တစ်ခုဖြစ်ပြီး ဆေးဝါးများ/အခြားသောအရာများကို အသုံးပြု၍ ကင်ဆာဆဲလ်များကို ပိုမိုတိကျစွာခွဲခြားသတ်မှတ်နိုင်ပြီး တိုက်ခိုက်နိုင်သည့်အတွက် ပုံမှန်ဆဲလ်များကို အနည်းငယ်မျှသာပျက်စီးစေနိုင်ပါသည်။
  • ကင်ဆာဓာတုဆေးကုထုံးသည် ကင်ဆာတည်ရှိရာနေရာ/ဧရိယာအပေါ် သက်ရောက်မှုရှိပြီး ပစ်မှတ်ကုထုံးသည် အကျိတ် သို့မဟုတ် ကင်ဆာဆဲလ်များကိုသာ အဓိကပစ်မှတ်ထားသက်ရောက်စေပါသည်။ ထို့ကြောင့် ကင်ဆာဓာတုကုထုံးထက် ဘေးထွက်ဆိုးကျိုးနှင့် နောက်ဆက်တွဲပြဿနာများ ပို၍လျော့နည်းစေပါသည်။
  • ကင်ဆာဆဲလ်များ ကြီးထွားမှုနှင့် ပြန့်ပွားမှုကို တားဆီးရန်အတွက် ကင်ဆာဓာတုဆေးကုထုံးများ၊ အခြားကင်ဆာကုသမှုများနှင့်အတူ တွဲ၍အသုံးပြုလေ့ရှိပါသည်။

ခုခံအားစနစ်ကုထုံး (Immunotherapy)

  • ကင်ဆာဆဲလ်များကို ပိုမိုထိရောက်စွာ တိုက်ဖျက်နိုင်စေရန်အတွက် ခုခံအားစနစ်ကို လှုံ့ဆော်အားပေးပါသည်။
  • ကင်ဆာဆဲလ်များ ကြီးထွားခြင်းနှင့် ပြန့်ပွားမှုကို ထိရောက်စွာ ကာကွယ်ပေးပါသည်။
  • ခုခံအားစနစ်ကုထုံးပုံစံတစ်မျိုးဖြစ်သည့် monoclonal antibodies ဆိုသည်မှာ ကင်ဆာဆဲလ်များရှိ သီးခြားပရိုတိန်းများကို တွယ်ကပ်ပေးနိုင်သည့် ပြုလုပ်ဖန်တီးထားသောခုခံအား (antibodies) များဖြစ်ပါသည်။

* ဆဲလ်များ၏ မော်လီကျူး သို့မဟုတ် မျိုးရိုးဗီဇခွဲခြမ်းစိတ်ဖြာမှုကဲ့သို့သော နည်းပညာအသစ်များသည် လူနာတစ်ဦးစီအတွက် အသင့်လျော်ဆုံး သို့မဟုတ် ထိရောက်မှုအရှိဆုံးဖြစ်မည့် ကုသမှုအမျိုးအစားကို ရွေးချယ်ရာတွင် ကူညီပေးနိုင်မည်ဖြစ်ပြီး ဘေးထွက်ဆိုးကျိုးများကို လျော့နည်းစေပါသည်။

အထူးကောင်းမွန်သည့် ကင်ဆာနဲ့ပတ်သက်သော စောင့်ရှောက်မှုများ

ကင်ဆာရောဂါဆေးပညာစင်တာသည် 360 Cancer Care Model အောက်တွင် ပြီးပြည့်စုံသောဝန်ဆောင်မှုများ ပေးစွမ်းနိုင်ပါသည်။

ကင်ဆာရောဂါဆေးပညာစင်တာသည် ကင်ဆာအထူးကုဆရာဝန်များ၊ အတွေ့အကြုံပြည့်ဝ‌သောသူနာပြုများ၊ ကင်ဆာရောဂါဗေဒဆိုင်ရာဆေးဝါးပညာရှင်များ၊ အာဟာရဗေဒပညာရှင်များနှင့် စိတ်ပညာရှင်တို့ ပါဝင်သော အထူးပြုဆေးဘက်ဆိုင်ရာဝန်ထမ်းများ၏ စောင့်ရှောက်မှုအောက်တွင် အရည်အသွေးပြည့်မှီသော ကင်ဆာကုသမှုကို ပံ့ပိုးပေးရန် ရည်ရွယ်ပါသည်။ ကင်ဆာလူနာများသည် မိမိတို့၏အတွေ့အကြုံများ၊ ခံယူချက်များနှင့် အခြားအရာများကို ဖလှယ်ရန် အုပ်စုဖွဲ့မျှဝေမှုကုထုံးများကို ရရှိနိုင်သည်။ ပညာရေးစင်တာသည် ရောဂါအကြောင်း၊ ကုသမှုနှင့် လူနာများနဲ့မိသားစုဝင်များအတွက် ကြိုတင်ကာကွယ်ခြင်းနှင့် ပြုစုစောင့်ရှောက်ခြင်းဆိုင်ရာလမ်းညွှန်မှုများအစရှိသော အသိပညာဗဟုသုတများကိုမျှဝေရန် အသင့်ရှိပါသည်။ အသံ၊ ဗီဒီယို၊ ပညာရေးဆိုင်ရာစာအုပ်များ အစရှိသည့် ကြားခံများမှတစ်ဆင့် အချက်အလက်များကို ထုတ်ဝေပေးပါသည်။ ထို့အပြင် အရေးပေါ်အခြေအနေ သို့မဟုတ် ရှုပ်ထွေးမှုများပေါ်ပေါက်လာပါက ကျွန်ုပ်တို့၏ ခေါ်ဆိုမှုစင်တာ (Call Center) ကို ၂၄ နာရီ ဆက်သွယ်နိုင်ပါသည်။

ကျွန်ုပ်တို့၏ ကင်ဆာဓာတုဆေးကုထုံးဌာနသည် နိုင်ငံတကာစံနှုန်းများနှင့်ကိုက်ညီသည့် အရည်အသွေးမှီလုပ်ငန်းစဉ်များနှင့် နည်းစနစ်များအပြင် လူနာများ၏စိတ်ဖိစီးမှုကို လျှော့ချစေနိုင်သော အိမ်ကဲ့သို့ သက်တောင့်သက်သာရှိသောပတ်ဝန်းကျင်ကိုပါ ဖန်တီးပေးထားပါသည်။ လူနာသည်  တောက်လျောက်ဆေးကုသမှုခံယူရန် လိုအပ်သော်လည်း ဆေးရုံမတက်လိုသော အခြေအနေများတွင် Portable Pump ကဲ့သို့သော အထူးကိရိယာများကို အသုံးပြု၍ အချိန်ပိုင်းဓာတုကုထုံးဝန်ဆောင်မှုများ (Ambulatory Chemotherapy) ကို ရရှိနိုင်ပါသည်။ ဤကုသမှုရွေးချယ်မှုသည် မှန်ကန်သောလမ်းညွှန်မှုနှင့် ညွှန်ကြားချက်များဖြင့် ထိရောက်မှုရှိပြီး ဘေးကင်းသည့်အပြင် လူနာများအတွက် ကုန်ကျစရိတ်များကို လျှော့ချနိုင်မည်ဖြစ်ပါသည်။

ထိရောက်သောကင်ဆာကုသမှုသည် ကုထုံးရွေးချယ်ခြင်း၊ တိုင်ပင်ဆွေးနွေးခြင်းနှင့်စပ်လျဉ်း၍ ဘက်ပေါင်းစုံမှ လေ့လာရန်လိုအပ်ပါသည်။ ထိုအချက်ကို အလေးထားပြီး ကင်ဆာရောဂါဆိုင်ရာအစည်းအဝေး (Tumor Board Conference) ကို သုတေသန၊ နည်းပညာများနှင့် ဆန်းသစ်သော ကုသမှုနည်းလမ်းများကို ဆွေးနွေးရန်အတွက် ပုံမှန်ကျင်းပပါသည်။ ထို့အပြင် အမေရိကန်ပြည်ထောင်စုမှ MD Anderson ကဲ့သို့သော နိုင်ငံတကာထိပ်တန်းကင်ဆာအဖွဲ့အစည်းများနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်၏ အစိတ်အပိုင်းတစ်ခုဖြစ်သည့် တယ်လီကွန်ဖရင့်များကို ပြုလုပ်လျက်ရှိပါသည်။ စဉ်ဆက်မပြတ်တိုးတက်ကောင်းမွန်လာစေရန် စင်တာသည် ပိုမိုကောင်းမွန်သောကင်ဆာကုသမှုနှင့် အရည်အသွေးမြင့်မားသောဝန်ဆောင်မှုများပေးစွမ်းနိုင်‌ရေးအတွက် လက်တွေ့သုတေသနနှင့် လေ့ကျင့်သင်ကြားရေးများ လုပ်ဆောင်လျက်ရှိပါသည်။

သွေးရောဂါအထူးကုစင်တာ

သွေးရောဂါအထူးကုစင်တာသည် ပင်မဆဲလ်အစားထိုးကုထုံးခံယူနေသောလူနာများ သို့မဟုတ် ရိုးတွင်းချဥ်ဆီ အစားထိုးကုထုံးခံယူနေသောလူနာများအပါအဝင် သွေးနှင့်ပတ်သတ်သောကင်ဆာနှင့် အခြားရောဂါများအတွက် ရောဂါရှာဖွေခြင်းနှင့် ကုသခြင်း ဝန်ဆောင်မှုများပေးလျက်ရှိပါသည်။ စင်တာသည် အမေရိကန်ပြည်ထောင်စု နိုင်ငံတကာပူးတွဲကော်မရှင် (JCI) အသိအမှတ်ပြုဆေးရုံ လက်မှတ် Hospital Accreditation (HA) ရရှိထားပြီး နိုင်ငံတကာစံချိန်စံညွှန်းပြည့်မှီသော ဘက်စုံဆေးဘက်ဆိုင်ရာဝန်ထမ်းများ ခန့်အပ်ထားပါသည်။သွေးရောဂါအထူးကုစင်တာသည် လူနာများအတွက် အဆင့်မြင့်ဆေးဘက်ဆိုင်ရာနည်းပညာဖြင့် အချိန်တိုအတွင်း ရောဂါရှာဖွေခြင်းနှင့် အချိန်မှီကုသပေးခြင်းတို့ကို ဆောင်ရွက်နိုင်ရန်ရည်ရွယ်ပါသည်။ ပုံမှန်မဟုတ်သော ဆဲလ်များလျော့နည်းစေရန် ရောဂါဖြစ်စဥ်အကြောင်းရင်းရှာဖွေခြင်းနှင့် ကုသခြင်းအနေဖြင့် ပင်မဆဲလ်ကုထုံး၊ ရိုးတွင်းချဥ်ဆီအစားထိုးကုထုံးနှင့် ကင်ဆာဆဲလ်ကို ပစ်မှတ်ထားသောကုထုံး (Targeted therapy) တို့ဖြင့် အထူးဝန်ဆောင်မှုပေးလျက်ရှိပါသည်။ အဓိကရည်ရွယ်ချက်မှာ လူနာကုန်ကျစရိတ်သက်သာပြီး ကောင်းမွန်သောရလဒ်များနှင့် ထိရောက်သောကုသမှုများပေးဆောင်နိုင်ရန်၊ ရောဂါပြန်လည်ဖြစ်ပေါ်ခြင်းမှကာကွယ်ရန် ဖြစ်ပါသည်။ ဘန်ကောက်ကင်ဆာဆေးရုံကြီးသည် ၂၀၀၈ ခုနှစ်မှစတင်၍ ပင်မဆဲလ်ကုထုံးနှင့် ရိုးတွင်းချဥ်ဆီအစားထိုးကုထုံး ဝန်ဆောင်မှုများပေးလျက်ရှိပါသည်။ ဤကုထုံးများသည် အဆင်မြင့်ကျန်းမာရေးစောင့်ရှောက်ခြင်းဝန်ဆောင်မှုတစ်ခုဖြစ်ပြီး ယခုအခါ ၎င်းကုသမှုကို ရောဂါပြန်လည်ဖြစ်ပေါ်ခြင်းမှ ကာကွယ်နိုင်သောအကောင်းဆုံးကင်ဆာကုသမှုတစ်ခုအဖြစ်သတ်မှတ်ထားပါသည်။

ဝန်ဆောင်မှုများ

ကျွန်ုပ်တို့၏ ဘန်ကောက်ကင်ဆာဆေးရုံကြီး၏ သွေးရောဂါအထူးကုစင်တာတွင် အောက်ဖော်ပြပါ ရောဂါရှာဖွေခြင်းနှင့်ကုသခြင်းဆိုင်ရာ ဝန်ဆောင်မှုများ ပေးလျက်ရှိပါသည်။

၁။ သွေးကင်ဆာအမျိုးမျိုး

  • သွေးကင်ဆာ
  • ပြန်ရည်ကျိတ်ကင်ဆာ
  • ရိုးတွင်းချဥ်ဆီကင်ဆာ

၂။ သွေးရောဂါ

  • သွေးအားနည်းရောဂါ
  • သာလာဆီးမီးယားသွေးရောဂါ
  • Aplastic anaemia သွေးအားနည်းရောဂါတစ်မျိုး

၃။ သွေးနှင့်ပတ်သက်သောတခြားရောဂါများ

  • ကျောက်ကပ်ပျက်ဆီးခြင်းကဲ့သို့သော တခြားအကြောင်းများကြောင့် ဖြစ်ပေါ်သောသွေးအားနည်းရောဂါ
  • သွေးဥမွှားနည်းသောရောဂါ
  • ပုံမှန်မဟုတ်သော သွေးအခြေအနေများ ဥပမာသွေးထွက်မရပ်ဘဲ သွေးထွက်များလွန်းခြင်း

ဘာကြောင့် ကျွန်ုပ်တို့သွေးရောဂါအထူးကုစင်တာကို ရွေးချယ်သင့်ပါသလဲ။

သွေးရောဂါအထူးကုစင်တာတွင် ကင်ဆာကုသမှု ထိရောက်အောင်မြင်စေရန် အဓိကကျသော ဆေးဘက်ဆိုင်ရာအဖွဲ့မှ ထိရောက်သောကုသမှုနည်းလမ်းများဖြင့် လူနာများအား မိသားစုသဖွယ် ကုသပေးလျက်ရှိပါသည်။ ဆရာဝန်များနှင့်သူနာပြုများသည် လူနာနှင့် မိသားစုဝင်များအား ရောဂါကုသမှုအဆင့်ဆင့်အကြောင်း ကောင်းစွာရှင်းပြပေးပါသည်။ လူနာသည် ဘန်ကောက်ကင်ဆာဆေးရုံကြီးတွင် စာရင်းသွင်းပြီးချိန်မှစ၍ လူနာ၏လိုအပ်ချက်များ ကူညီဖြေရှင်းပေးရန်အတွက် အထူးကုဆရာဝန်ကြီးများနှင့် သူနာပြုများ၏ လမ်းညွှန်ချက်များဖြင့် ၂၄ နာရီ ၇ ရက်ပတ်လုံး ပြီးပြည့်စုံသောဝန်ဆောင်မှုပေးလျက်ရှိပါသည်။ 

သတင်းအချက်အလက် ပိုမိုရယူရန် ဆက်သွယ်ပေးပါ