ကျွန်ုပ်တို့အကြောင်း

PET/CT Scan (Positron Emission Tomography/Computed Tomography) ဖြင့် ကင်ဆာရောဂါရှာဖွေခြင်း၊ အဆင့်သတ်မှတ်ခြင်းနှင့် အခြားရောဂါများကို ရှာဖွေစစ်ဆေးခြင်း။

ဝန်ဆောင်မှုများ

  • ကျွန်ုပ်တို့ ကိုယ်ပိုင် cyclotron သည် F-18 FDG F-18 NaF F-18 FD0PA နှင့် C-11 PiB ကဲ့သို့သော PET ရေဒီယိုသတ္တိကြွပစ္စည်းများကို ထုတ်လုပ်နိုင်ပါသည်။
  • ကွန်ပြူတာဓာတ်မှန်နှင့် အာထရာဆောင်းကိုအသုံးပြု၍ ကင်ဆာရောဂါ‌ဗေဒ ကျွမ်းကျင်ဓာတ်မှန်ပညာရှင်တို့၏  ကင်ဆာရောဂါပုံရိပ်ဖော်ခြင်းဝန်ဆောင်မှုများ။

floe နည်းပညာအသုံးပြုထားသော PET/CT

Floe နည်းပညာကိုအသုံးပြုထားသော PET/CT scan ဆိုသည်မှာ လူနာလှဲလျောင်းရာနေရာကို ရပ်တန့်ခြင်းမရှိစေဘဲ တောက်လျှောက်ရွေ့လျားနေစေပြီး ပုံရိပ်ဖော်သော ကမ္ဘာ့ပထမဦးဆုံး နည်းစနစ်တစ်ခုဖြစ်သည်။ ထို့ကြောင့် အချိန်ကုန်သက်သာစေရုံသာမက ပုံရိပ်ရိုက်ရာတွင်လည်း လူနာအတွက် အဆင်ပြေချောမွေ့စေပါသည်။ ယခုအခါ PET/CT scan ဖြင့် ရောဂါရှာဖွေရန် ၉၀% ကျော်သောလူနာများတွင် F-18 FDG ရေဒီယိုသတ္တိကြွပစ္စည်းကို အသုံးပြုပါသည်။

ဥပမာအားဖြင့် အခြားရေဒီယိုသတ္တိကြွပစ္စည်းများဖြစ်ကြသည့် F-18 FD0PA သည် အချို့သောကင်ဆာအမျိုးအစား၊ ပါကင်ဆန်ရောဂါနှင့် အခြား ပုံမမှန်သည့်လှုပ်ရှားမှုဖြစ်စေသည့် ဦးနှောက်ချို့ယွင်းခြင်းများကို စမ်းသပ်စစ်ဆေးရာတွင်အသုံးပြုပြီး C-11 PiB (Pittsburgh Compound) သည် အယ်လ်ဇိုင်းမားရောဂါ၌ အသုံးပြုသည်။

သတင်းအချက်အလက် ပိုမိုရယူရန် ဆက်သွယ်ပေးပါ