ကင်ဆာရောဂါဆိုင်ရာဓာတ်ရောင်ခြည်စင်တာ

ကျွန်ုပ်တို့အကြောင်း

ဘန်ကောက်ကင်ဆာဆေးရုံ၏ ကင်ဆာရောဂါဆိုင်ရာ ဓာတ်ရောင်ခြည်စင်တာတွင် ကျွမ်းကျင်ပြီး အတွေ့အကြုံရှိသော ကင်ဆာအထူးကုဆရာဝန်များ၊ သူနာပြုများနှင့် ဓာတ်ရောင်ခြည်ကုထုံးပညာရှင်များဖြင့် ကင်ဆာရောဂါကို ကုသပေးလျက်ရှိပါသည်။ လူနာနှင့် မိသားစုဝင်များ၏ လိုအပ်ချက်များ၊ မျှော်လင့်ချက်များနှင့်ကိုက်ညီသော ဝန်ဆောင်မှုဖြင့် ကင်ဆာကုသမှုကို အောင်မြင်စေပါသည်။ စင်တာတွင် ကင်ဆာရောဂါဆိုင်ရာ ဓာတ်ရောင်ခြည်ကုထုံးအတွက် ဆေးဘက်ဆိုင်ရာအဆင့်မြင့်စက်ကိရိယာများနှင့် ကျန်းမာရေးဝန်ထမ်းများဖြင့် ကုသပေးလျက်ရှိပြီး ထိုင်းနိုင်ငံတွင်ရှိသော အကောင်းဆုံး ဓာတ်ရောင်ခြည် ကုထုံးဝန်ဆောင်မှုများတွင် တစ်ခုအပါအဝင်ဖြစ်ပါသည်။

ဝန်ဆောင်မှုများ

ဓာတ်ရောင်ခြည်ကုထုံးတွင် ကင်ဆာရောဂါ သို့မဟုတ် ကင်ဆာအကျိတ်များကို ကုသရန် ဓာတ်ရောင်ခြည်နှင့် ပုံရိပ်ဖော်နည်းပညာများကို အသုံးပြုထားပါသည်။ အဖြစ်များသော ကင်ဆာအများစုကို ဓာတ်ရောင်ခြည်ကုထုံးဖြင့် ကုသနိုင်ပါသည်။

ကင်ဆာရောဂါကို တိုက်ဖျက်ရန် ကုထုံးများပေါင်းစပ်ကုသခြင်းသည် အကောင်းဆုံးနည်းလမ်းဖြစ်ပြီး ဘန်ကောက်ဆေးရုံကြီးတွင် သမားရိုးကျကုသမှုနှင့် တိုးတက်လာသောနည်းပညာသစ်များ ပေါင်းပြီး ထိရောက်သော ကုသမှုများကို ကျင့်သုံးပါသည်။ 

ဓာတ်ရောင်ခြည်ကုထုံးပညာရှင်များ၊ ခွဲစိတ်ဆရာဝန်များ၊ တိကျထိရောက်သော ပစ်မှတ်ထားကင်ဆာကုထုံးအပါအဝင် ကင်ဆာဆေးသွင်းကုထုံးပညာရှင်များ၊ ဓာတ်မှန်ဗေဒပညာရှင်၊ အာဟာရဗေဒပညာရှင်များနှင့် နာကျင်မှုနှင့် စိတ်ပိုင်းဆိုင်ရာအထူးကုများ ပူးပေါင်း၍ Tumor Conference တွင်ဆွေးနွေးကုသမှုများဖြင့် အကောင်းဆုံးကုသပေးလျက်ရှိပါသည်။

ဓာတ်ရောင်ခြည်ကင်ဆာစင်တာ တွင် ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းဝန်ဆောင်မှု

ဓာတ်ရောင်ခြည်ကုထုံးသည် ကင်ဆာအကျိတ် နှင့် ကင်ဆာမဟုတ်သော ရိုးရိုးအကျိတ်များကို ကုသရာတွင် ထိရောက်မှုရှိပါသည်။ 

ပတ်ဝန်းကျင်ရှိ ကိုယ်တွင်းအင်္ဂါများနှင့် တစ်ရှူးများကို ထိခိုက်မှုအနည်းဆုံးဖြစ်စေပြီး ကင်ဆာဆဲလ်များကို ဖျက်ဆီးရန် ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်းဖြစ်သည်။ 

ရောဂါရှာဖွေခြင်း၊ ကုသမှုအစီအစဉ်ဆွဲခြင်း၊ ဓာတ်ရောင်ခြည်ပေးရမည့် တိကျသောနေရာချခြင်းနှင့် ကုသခြင်းစသည့် လုပ်ငန်းစဉ်များစွာကိုလည်း ထိရောက်မှုရှိစွာဖြင့် ကုသဝန်ဆောင်ပေးလျက်ရှိပါသည်။

ခန္ဓာကိုယ်ပြင်ပမှ ဓာတ်ရောင်ခြည်ပေးခြင်းသည် စွမ်းအင်မြင့်ဓာတ်ရောင်ခြည်များစွာကို လူနာ၏ အကျိတ်ဆီသို့ အပြင်ဘက်မှ linear accelerator စက်ဖြင့် ပေးပို့သည့်နည်းလမ်းတစ်ခုဖြစ်သည်။ ဤစွမ်းအင်မြင့်ဓာတ်ရောင်ခြည်များသည် ပတ်ဝန်းကျင်ရှိ ပုံမှန်တစ်ရှူးများကို ထိခိုက်မှုအနည်းဆုံးဖြစ်စေပြီး ကင်ဆာဆဲလ်များရှိသည့်နေရာတွင်သာစုပုံပြီး ကင်ဆာဆဲလ်များကို ဖျက်ဆီးပေးပါသည်။

Wattanosoth ဆေးရုံတွင် Linear Accelerator ဖြင့် ဓာတ်ရောင်ခြည်ကုထုံးအပြင် ပုံရိပ်ဖော်နည်းပညာအကူအညီဖြင့် ဓာတ်ရောင်ခြည်ပေးကုသခြင်း (IGRT) တို့ဖြင့် ဝန်ဆောင်မှုပေးလျက်ရှိပါသည်။

၁။ EDGE: နောက်ဆုံးပေါ် ခေတ်သစ်ဓာတ်ရောင်ခြည်ဖြင့်ကုသမှုသည် ခန္ဓာကိုယ်ရှိ မည်သည့်ကင်ဆာကိုမဆို မြင့်မားသော ဓာတ်ရောင်ခြည်ပမာဏပေးကာ ကင်ဆာဆဲလ်ကို ပြင်ပမှဖျက်ဆီးပေးပါသည်။

ဓာတ်ရောင်ခြည်ဖြင့်ကုသမှု (EDEGE) ကို ခွဲစိတ်ကုသရန် မသင့်တော်သော လူနာများအတွက် အသုံးပြုပါသည်။ ဤကဲ့သို့ကောင်းမွန်သော အဆင့်မြင့်နည်းပညာသည် အလွန်တိကျ၊ မှန်ကန်၊ အဆင်ပြေပြီး မြန်ဆန်ပါသည်။ ကုသမှုအများစုသည် ၁၅ မိနစ်သာကြာမြင့်ပါသည်။

၂။ LINAC (Linear Accelerator: ELEKTA PRECISE) ဤစက်သည် မြင့်မားသော ဓာတ်ရောင်ခြည် အလင်းတန်းများကိုထုတ်ပေးကာ အကျိတ်၏ပုံသဏ္ဍာန်နှင့်အညီ ချိန်ညှိပေးနိုင်သည်။ IGRT သည် ပုံမှန်တစ်ရှူးများကို ဓာတ်ရောင်ခြည်ထိတွေ့ခြင်းမှ ရှောင်ကြဉ်ပြီး အကျိတ်များ၏တည်နေရာကို အတိအကျသိရှိရန် ကူညီပေးသည်။ ထိုနည်းလမ်းကို အဆင့်မြင့်ဆုံး၊ ထိရောက်ပြီး ဘေးကင်းသော နည်းပညာများထဲမှ တစ်ခုဟု သက်မှတ်နိုင်ပါသည်။

၃။ VMAT (ELEKTA SYNERGY VMAT) ဤအဆင့်မြင့်နည်းပညာသည် electron accelerator အဖြစ် လုပ်ဆောင်ခြင်းဖြင့် ဓာတ်ရောင်ခြည်ပေးခြင်းဖြစ်ပါသည်။ ထိုနည်းပညာသည် သမားရိုးကျ ဓာတ်ရောင်ခြည်ပေးနည်းအပြင် Volumetric Modulated Radiotherapy အပါအဝင် ပိုမိုအဆင့်မြင့်သော ကုထုံးများကို ပေးစွမ်းနိုင်ပါသည်။ 

  • အကျိတ်၏ အရွယ်အစားနှင့် ပုံသဏ္ဍာန်အရ သင့်လျော်သော ဓာတ်ရောင်ခြည်ပမာဏကို ချိန်ညှိနိုင်သည်။
  • အမြန်နှုန်းနှင့် ပမာဏကို ချိန်ညှိနိုင်ခြင်း၊ ဓာတ်ရောင်ခြည်ဖြာထွက်မှုအပြင် အကျိတ်အတွင်းနှင့် အနီးတစ်ဝိုက်တွင် ကုသမှုအတွက် အတားအဆီးများ၏ တည်နေရာမြေပုံကို ဖော်ပြခြင်း။ ထို့ကြောင့် ရောင်ခြည်များသည် အကျိတ်ဧရိယာကိုသာ လွှမ်းခြုံနိုင်စေရန် ကူညီပေးမည်ဖြစ်ပြီး ပတ်ဝန်းကျင်ရှိ ကိုယ်တွင်းအင်္ဂါများနှင့် ဖြစ်နိုင်ချေရှိသော ဓာတ်ရောင်ခြည်ထိတွေ့မှုကို လျှော့ချပေးမည်ဖြစ်သည်။
  • ကင်ဆာကုသမှုတွင် ပိုမိုတိကျမှုကိုပေးသည်။ 

VMAT နည်းပညာမစတင်မီတွင် အကျိတ်များ၏တည်နေရာကိုသိရှိရန် သုံးဖက်မြင် 3D လမ်းကြောင်းပြခြင်းမှတစ်ဆင့် လုပ်ဆောင်ခဲ့ရပြီး ပုံရိပ်ဖော်ခြင်းကို အချိန်နှင့်တပြေးညီ ပံ့ပိုးပေးခြင်းမရှိပေ။

၄။ Brachytherapy သို့မဟုတ် Internal beam ကုထုံးဆိုသည်မှာ ဓာတ်ရောင်ခြည်ဖြင့် အပ်စိုက်ကုသခြင်းဖြစ်ပါသည်။ ခန္ဓာကိုယ်အတွင်း သို့မဟုတ် အကျိတ်နှင့် နီးကပ်စွာ ရေဒီယိုသတ္တိကြွပစ္စည်းများကို တိုက်ရိုက်ထည့်သွင်းခြင်း ဖြစ်ပါသည်။ ထိုပစ္စည်းသည် ကင်ဆာအမျိုးအစားပေါ်မူတည်၍ ယာယီ သို့မဟုတ် ထာဝရတည်ရှိနေမည်ဖြစ်ပါသည်။ Brachytherapy တစ်မျိုးတည်းဖြင့် ကုသခြင်းမဟုတ်ဘဲ teletherapy သို့မဟုတ် ခွဲစိတ်ခြင်းကဲ့သို့သော အခြားကုထုံးများနှင့်လည်း တွဲဖက်ကုသနိုင်ပါသည်။ Brachytherapy သည် သားအိမ်ခေါင်း၊ သားဥအိမ်၊ အဆုတ်၊ အစာမျိုပြွန်ကင်ဆာအပြင် ဦးခေါင်းနှင့် လည်ပင်းရှိ ကင်ဆာများအပါအဝင် ကင်ဆာအမျိုးအစားများစွာကို ကုသရန် အသုံးပြုနိုင်သည်။

High Dose Rate Brachytherapy ၏ အကျိုးကျေးဇူးများ

  • ပိုမိုတိကျစေပြီး ကုသမှုကို ပိုမိုထိရောက်စေသည်။
  • ကင်ဆာရောဂါကို အတိအကျဓာတ်ရောင်ခြည်ပေးခြင်းဖြင့် ပတ်ဝန်းကျင်ရှိ ကိုယ်တွင်းအင်္ဂါများနှင့် တစ်ရှူးများကို ဓာတ်ရောင်ခြည်နှင့်ထိတွေ့ခြင်း၏ ဘေးထွက်ဆိုးကျိုးများကို လျှော့ချပေးသည်။
  • အကြီးစားခွဲစိတ်မှုမျိုးမဟုတ်ဘဲ သေးငယ်သော ကုသမှုအနေနှင့် သက်မှတ်ကာ ပြင်ပလူနာအနေဖြင့် ကုသမှုခံယူနိုင်ပါသည်။

IGRT ဆိုသည်မှာ အဘယ်နည်း။

ပုံရိပ်ဖော်နည်းပညာအကူအညီဖြင့်ဓာတ်ရောင်ခြည်ပေးကုသခြင်း (IGRT) သည် ကုသမှု ပိုမိုတိကျစေရန်အတွက် ဓာတ်ရောင်ခြည်ကုထုံးအတွင်း မကြာခဏ ပုံရိပ်ဖော်ခြင်းကို အသုံးပြုခြင်းဖြစ်သည်။ IGRT တွင် linear accelerator ကဲ့သို့သော ဓာတ်ရောင်ခြည်ပေးသည့်စက်များသည် လူနာအား ဓာတ်ရောင်ခြည်ပေးမည့် ခုတင်ပေါ်တွင်ရှိနေစဉ် ဓာတ်ရောင်ခြည်ပေးခါနီး သို့မဟုတ် ပေးနေစဉ်အတွင်း သမားတော်မှ အကျိတ်ကို ပုံဖော်နိုင်ရန် အထူးပုံရိပ်ဖော်နည်းပညာကို အသုံးပြုထားပါသည်။ အထူးကွန်ပြူတာဆော့ဖ်ဝဲလ်ကို အသုံးပြု၍ ဤပုံများကို ဓာတ်ရောင်ခြည်ပေးရန် ရည်မှန်းထားသောပုံများနှင့် နှိုင်းယှဉ်သည်။ ထို့နောက် ဓာတ်ရောင်ခြည်ကို အကျိတ်နေရာသို့ ပိုမိုတိကျစွာ ပစ်မှတ်ထားပြီး ကောင်းမွန်သော အနီးဝန်းကျင်ရှိတစ်ရှူးများကို ထိခိုက်မှုအနည်းဆုံးဖြစ်စေရန် လူနာ၏ အနေအထားနှင့်/သို့မဟုတ် ဓာတ်ရောင်ခြည်အလင်းတန်းများတွင် လိုအပ်သော ပြုပြင်ပြောင်းလဲမှုများကို ပြုလုပ်ပါသည်။ IGRT အတွက် ကွန်ပြူတာဓာတ်မှန်ရိုက်ခြင်း၊ သံလိုက်ဓာတ်မှန်ရိုက်ခြင်း၊ အာထရာဆောင်းနှင့် ဓာတ်မှန်ရိုက်ခြင်းတို့ကို အသုံးပြုပြီး အရိုးနှင့် တစ်ရှူးပုံစံကို ပုံရိပ်ဖော်နိုင်ပါသည်။ IGRT အတွက် အခြားနည်းလမ်းများဖြစ်သော လူနာ၏ ခန္ဓာကိုယ်မျက်နှာပြင်ပေါ်တွင် အမှတ်အသားများပြုလုပ်ခြင်း သို့မဟုတ် လူနာ၏ ခန္ဓာကိုယ်အတွင်းတွင် ထည့်ခြင်းကိုလည်း အသုံးပြုနိုင်ပါသည်။

သတင်းအချက်အလက် ပိုမိုရယူရန် ဆက်သွယ်ပေးပါ
ကင်ဆာရောဂါဆိုင်ရာဓာတ်ရောင်ခြည်စင်တာ
မြေအောက်ထပ်(B1)
နေ့စဉ် မနက် ၇ နာရီ မှ ညနေ ၅ နာရီ