ကင်ဆာခွဲစိတ်စင်တာ

ကျွန်ုပ်တို့အကြောင်း

ကင်ဆာခွဲစိတ်စင်တာသည် နောက်ဆုံးပေါ် ဆေးဘက်ဆိုင်ရာနည်းပညာဖြင့် ကင်ဆာလူနာများအား စောင့်ရှောက်မှုပေးနိုင်ရန် ရည်ရွယ်ပါသည်။ ကင်ဆာခွဲစိတ်စင်တာတွင် ကင်ဆာရောဂါနှင့် အကျိတ်များကို ခွဲစိတ်ကုသပေးပါသည်။ လူနာများကို ခွဲစိတ်ကုသမှုနှင့် ကင်ဆာဆေးသွင်းကုထုံး၊ ဓာတ်ရောင်ခြည်ကုထုံး သို့မဟုတ် ဟော်မုန်းကုထုံးများကဲ့သို့သော အခြားကင်ဆာကုသမှုများနှင့် ပေါင်းစပ်ကုသပေးမည်ဖြစ်ပါသည်။ ထိုစင်တာတွင် ဘက်ပေါင်းစုံဆေးဘက်ဆိုင်ရာအဖွဲ့မှ အတွေ့အကြုံရှိသော ခွဲစိတ်အထူးကုဆရာဝန်များက စိတ်ပိုင်းဆိုင်ရာနှင့် ကင်ဆာကုသမှုများကို ဆောင်ရွက်ပေးပါသည်။

ဝန်ဆောင်မှုများ

ကိုယ်တွင်းအင်္ဂါခွဲစိတ်မှုပြုလုပ်ရာတွင် ကျွမ်းကျင်မှုနှင့် အတွေ့အကြုံများစွာ လိုအပ်သည်။ ဘန်ကောက်ဆေးရုံကြီးရှိ ကင်ဆာခွဲစိတ်အထူးကုဆရာဝန်များသည် နိုင်ငံတကာစံချိန်စံညွှန်းများနှင့်ကိုက်ညီ၍ နောက်ဆက်တွဲဆိုးကျိုးအနည်းငယ်မျှသာရှိပြီး အောင်မြင်သောကုသမှုများဖြင့် ပံ့ပိုးပေး‌နေပါသည်။ ဥပမာအားဖြင့် အဓိကခွဲစိတ်ကုသမှုများတွင် 

အထူးကုစင်တာ

ကင်ဆာကုသရေးစင်တာတွင် ကင်ဆာဝေဒနာရှင်များ၏ နေထိုင်မှုဘဝအရည်အသွေးကိုတိုးတက်စေရန် နှစ်ပေါင်းများစွာ အတွေ့အကြုံရှိသော ခွဲစိတ်အထူးကုဆရာဝန်များက ကုသပေးပါသည်။ နောက်ဆက်တွဲပြဿနာများကို ကာကွယ်၍ ကင်ဆာဝေဒနာရှင်များ၏အသက်ရှင်သန်မှုနှုန်းကို တိုးမြှင့်ပေးကာ ပတ်ဝန်းကျင်တွင် အကောင်းဆုံးသော ကုသမှုများကို ပေးစွမ်းနိုင်ရန် ရည်ရွယ်ပါသည်။

ကုသမှုရွေးချယ်ရာတွင် ဆုံးဖြတ်ချက်မချမီ လူနာ၏ရောဂါရာဇဝင်ကို သေချာပြန်လည်သုံးသပ်ခြင်း၊ ကျန်းမာရေးစစ်ဆေးချက်များအပြင် အခြားသောကုသမှုနည်းလမ်းများနှင့် ပတ်သက်၍ တိုင်ပင်ဆွေးနွေးခြင်းများ ပြုလုပ်ရပါမည်။ ကုသမှုလုပ်ငန်းစဉ်အားလုံးသည် နိုင်ငံတကာစံချိန်စံညွှန်းများနှင့်ကိုက်ညီ၍ အရည်အသွေးပြည့်မီသော ကင်ဆာကုသမှု လုပ်ထုံးလုပ်နည်းများဖြင့် အပြည့်အဝပြန်လည်သက်သာကာ နောက်တစ်ကြိမ်ပြန်ဖြစ်နိုင်ခြေကို ကာကွယ်ပေးနိုင်ရန် ဖြစ်ပါသည်။

သတင်းအချက်အလက် ပိုမိုရယူရန် ဆက်သွယ်ပေးပါ
ကင်ဆာခွဲစိတ်စင်တာ
နေ့စဉ် မနက် ၈ နာရီ မှ ညနေ ၆ နာရီ