အစောပိုင်းကင်ဆာရောဂါရှာဖွေခြင်းနှင့် ကာကွယ်ခြင်းစင်တာ

ကျွန်ုပ်တို့အကြောင်း

မကြာသေးမီက ထိုင်းနှင့်ပြည်ပရှိလူဦးရေစာရင်းဇယားများအရ ကင်ဆာရောဂါသည် နာတာရှည်ရောဂါဝေဒနာရှင်များတွင် သေဆုံးမှုအများဆုံးအကြောင်းရင်းများထဲမှတစ်ခုဖြစ်ကြောင်း ဖော်ပြခဲ့သည်။ သို့သော်လည်း ကျွန်ုပ်တို့သည် ကျန်းမာရေးနှင့်ညီညွတ်၍အာဟာရရှိသောအစားအစာများ စားသောက်မှုကို ထိန်းသိမ်းခြင်း၊ ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် ခွန်အားတိုးစေခြင်း၊ အကောင်းမြင်စိတ်ထားရှိခြင်း၊ အရေးအကြီးဆုံးမှာ ပုံမမှန်မှုများကိုစောစီးစွာသိရှိ၍ ရောဂါဖြစ်နိုင်ခြေကိုလျှော့ချနိုင်ခြင်း စသည်အားဖြင့် ကျွန်ုပ်တို့၏ ကိုယ်ခံစွမ်းအားကိုမြှင့်တင်ရန်နှင့် ကင်ဆာဖြစ်နိုင်ခြေကို ကာကွယ်နိုင်ပါသည်။ ကင်ဆာရောဂါရှာဖွေခြင်းနည်းလမ်းများစွာရှိပြီး ၎င်းတို့အားလုံးသည် ကင်ဆာရောဂါကာကွယ်ခြင်းနှင့် ကုသခြင်းတွင် အကျိုးထိရောက်မှုရှိပါသည်။

အစောပိုင်းကင်ဆာရောဂါရှာဖွေခြင်း၏အရေးပါမှု

ကင်ဆာရောဂါသည် လူအများစုအတွက် ကြောက်စရာကောင်းသည့်အလားအလာဖြစ်နိုင်သော်လည်း ယနေ့ခေတ်တွင် ကင်ဆာရောဂါပုံစံအမျိုးအစားများစွာကို အပြည့်အဝကုသနိုင်ပြီဖြစ်သည်။ အထူးသဖြင့် ဥရောပနှင့် အမေရိကန်ပြည်ထောင်စုတို့ကဲ့သို့သော ဖွံ့ဖြိုးပြီးနိုင်ငံများတွင် ကင်ဆာရောဂါြဖစ်ပြီးအသက်ရှင်ကြသူများ အများအပြား ရှိပါသည်။ သုတေသနပြုချက်များအရ ကင်ဆာလူနာများ၏ သေဆုံးမှုနှုန်းလျှော့ချနိုင်ခဲ့သည်မှာ ကင်ဆာကုသမှုတွင် သိပ္ပံနည်းကျ တိုးတက်လာမှုကြောင့် ရောဂါရှာဖွေရေးကိရိယာနှင့် ကင်ဆာကုသမှုဆိုင်ရာ နည်းပညာတိုးတက်မှုများအပါအဝင် ကင်ဆာဆဲလ်များအဖြစ်သို့ မပြောင်းလဲမီ စောစီးစွာ သိရှိနိုင်စေသော မျိုးရိုးဗီဇစစ်ဆေးခြင်းများဖြင့် ထိရောက်တဲ့ကုသမှု အခွင့်အလမ်းကိုတိုးစေခြင်းဖြစ်သည်။ ကင်ဆာစစ်ဆေးခြင်းဆိုသည်မှာ ရောဂါလက္ခဏာမပြသေးသောသူများတွင် ကင်ဆာရောဂါကို စောစောသိရှိရန် စမ်းသပ်စစ်ဆေးမှုများပြုလုပ်ခြင်းကို ရည်ညွှန်းသည်။

စမ်းသပ်စစ်ဆေး ခြင်း၏ ရည်ရွယ်ချက်မှာ ကင်ဆာကြောင့်ဖြစ်သော ဝေဒနာများနှင့် သေဆုံးမှုကို လျှော့ချရန်ဖြစ်သည်။ ၎င်းသည် ကင်ဆာရောဂါဖြစ်နိုင်ခြေရှိသူများ သို့မဟုတ် စိုးရိမ်နေသူများအတွက် အများလက်ခံပြီး အကျိုးရှိသည့် ထိရောက်သောနည်းလမ်းဖြစ်သည်။ ဤသည်မှာ ရောဂါကာကွယ်ရန် ပထမဆုံးလုပ်ဆောင်မှုတစ်ခုဖြစ်သောကြောင့် အရေးကြီးပါသည်။ ထို့အပြင် ကင်ဆာရောဂါကို စောစီးစွာသိရှိနိုင်သော လူနာများသည် ရောဂါပျောက်ကင်းနိုင်ခြေ မြင့်မားပြီး၊ ပြီးပြည့်စုံသော ပြန်လည်ကောင်းမွန်လာမှု၊ ဘဝအရည်အသွေး တိုးမြင့်လာပြီး အသက်ရှည်နိုင်ခြေ မြင့်မားပါသည်။

အစောပိုင်းကင်ဆာရောဂါရှာဖွေခြင်းနှင့် ကာကွယ်ခြင်းစင်တာ

အသက်အရွယ်နှင့်လူမျိုးပေါင်းစုံလူနာများအား ကင်ဆာရောဂါဖြစ်နိုင်ခြေများကို ကြိုတင်ရှာဖွေစစ်ဆေးခြင်းနှင့် ကာကွယ်ခြင်းများကို ဝန်ဆောင်မှုပေးသည်။ စင်တာသည် ဆေးရုံစံချိန်စံညွှန်းများအောက်တွင် ဘက်ပေါင်းစုံမှကျွမ်းကျင်သည့် အထူးကုဆရာဝန်များမှ လျင်မြန်ပြီးစောစီးစွာ ကုသမှုခံယူနိုင်စေမည့် လူနာတစ်ဦးချင်းအလိုက် အလုံးစုံဂရုစိုက်စောင့်ရှောက်မှုပေးပါသည်။ ကင်ဆာရောဂါကို စောစီးစွာရှာဖွေတွေ့ရှိပြီးနောက် အရည်အသွေးမြင့်မားသော ကုသမှုကို ထိန်းသိမ်းထားရန် သေချာစေရန် ဆောင်ရွက်ခြင်းက အပြည့်အဝပြန်လည်နာလန်ထူရန် အခွင့်အလမ်းများပြားစေသည်။ ရည်ရွယ်ချက်မှာ အောက်ပါတို့၌ ကျယ်ကျယ်ပြန့်ပြန့် ဝန်ဆောင်မှုများ ပေးဆောင်ရန် ဖြစ်ပါသည်။

  • ကင်ဆာဖြစ်နိုင်ခြေ ခန့်မှန်းခြင်းနှင့် အသိပညာပေးခြင်း။
  • ကင်ဆာဖြစ်နိုင်ခြေကို စစ်ဆေးခြင်းနှင့် စစ်ဆေးမှုနောက်ဆက်တွဲပြုလုပ်ခြင်း။
  • မော်လီကျူးမျိုးရိုးဗီဇစမ်းသပ်ခြင်းနှင့် ဆွေးနွေးတိုင်ပင်ခြင်း။
  • ကင်ဆာအစောပိုင်းလက္ခဏာများ စောင့်ကြည့်ခြင်း။
  • တစ်ဦးချင်းအလိုက်မတူသော ကင်ဆာကာကွယ်ခြင်း။

ဆေးဘက်ဆိုင်ရာပံ့ပိုးမှုရယူရန် သတိပေးလက္ခဏာ ခုနစ်ချက်

  • သွေးဆုံးရှုံးမှု သို့မဟုတ် အဖြူဆင်းခြင်းကဲ့သို့သော ခန္ဓာကိုယ်မှ အခြားပုံမှန်မဟုတ်သောအရည်များထွက်ခြင်း
  • အဖု/အကျိတ်များ လျင်မြန်စွာ ကြီးထွားလာမှုကို တွေ့ကြုံခံစားရခြင်း
  • နာတာရှည်အနာ သို့မဟုတ် အနာအသားပုပ်ခြင်း
  • ၀မ်းသွားပုံနှင့် ဆီးသွားပုံ ပုံမှန်မဖြစ်ခြင်း သို့မဟုတ်  ပြောင်းလဲခြင်း
  • အသံသြခြင်း သို့မဟုတ် ရက်ရှည် ချောင်းဆိုးခြင်း
  • မျိုချရခက်ခဲခြင်း၊ အစာစားချင်စိတ် ပျောက်ဆုံးခြင်း သို့မဟုတ် ကိုယ်အလေးချိန် ကျဆင်းခြင်း
  • ကြွက်နို့ မှဲ့များ၊ မွေးရာပါ အမှတ်အသားများပုံမှန်မဟုတ်ကြီးလာခြင်းကဲ့သို့သော ပြောင်းလဲမှုများတွေ့ရှိရခြင်း

ကင်ဆာရောဂါကို စောစီးစွာရှာဖွေသိရှိနိုင်စေရန် လမ်းညွှန်ချက်များ

သားအိမ်ခေါင်းကင်ဆာ

အသက် ၂၁  နှစ်မှ ၆၅ နှစ်ကြား အမျိုးသမီးများအား သားအိမ်ခေါင်းကင်ဆာ၏ ရှေ့ပြေးနိမိတ်များကို ၃၅ နှစ်လတွင် တစ်ကြိမ် စစ်ဆေးခြင်းသည် သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားမှုနှင့် သေဆုံးမှုနှုန်းကို လျော့နည်းစေကြောင်း လုံလောက်သော အထောက်အထားများရှိပါသည်။ အမေရိကန်ကင်ဆာအဖွဲ့အစည်း (The American Cancer Society) ၏အဆိုအရ သားအိမ်ခေါင်းကာကွယ်ဆေး (HPV vaccine) ထိုးပြီးသည့်အမျိုးသမီးများအားလုံးသည် ကာကွယ်ဆေးမထိုးရသေးသော အမျိုးသမီးများအလားတူ ၎င်းတို့၏အသက်အုပ်စုများအတွက် စစ်ဆေးမှုအကြံပြုထားသည်များကို လိုက်နာသင့်ပါသည်။

အကိုးအကားအမေရိကန်ကင်ဆာအဖွဲ့အစည်း ၂၀၁၅ (American Cancer Society 2015) ၏ ကင်ဆာရောဂါကို စောစီးစွာရှာဖွေသိရှိနိုင်စေရန် လမ်းညွှန်ချက်များ

အဆုတ်ကင်ဆာ

အမေရိကန်ကင်ဆာအဖွဲ့အစည်း (American Cancer Society) မှ အကြံပြုသည်မှာ ဆေးလိပ်အလွန်အကျွံသောက်သူများ (တစ်နှစ်ကို တစ်နေ့ပျမ်းမျှစီးကရက်အလိပ် ၂၀ နှုန်းဖြင့် အနည်းဆုံး နှစ် ၃၀ သောက်ခဲ့ပါက)နှင့် လွန်ခဲ့သည့် ၁၅ နှစ်အတွင်း ဆေးလိပ်သောက်နေသူ သို့မဟုတ် ဆေးလိပ်ဖြတ်ထားသူများသည် အဆုတ်ကင်ဆာအတွက် နှစ်စဉ် အထူးသဖြင့် ရင်ဘတ်ဆေးပမာဏနည်း စီတီစကင်န် (low-dose CT chest scan) စစ်ဆေးသင့်သည်ဟု အကြံပြုထားသည်။

*Pack-year သည် လူတစ်ဦး နေ့စဉ် ဆေးလိပ်သောက်သည့် အရေအတွက်ကို ဆေးလိပ်သောက်သည့်နှစ်အရေအတွက်နှင့် မြှောက်ကာတွက်ချက်ခြင်း ဖြစ်သည်။

အကိုးအကားအမေရိကန်ကင်ဆာအဖွဲ့အစည်း ၂၀၁၅ (American Cancer Society 2015) ၏ ကင်ဆာရောဂါကို စောစီးစွာရှာဖွေသိရှိနိုင်စေရန် လမ်းညွှန်ချက်များ

ဆီးကျိတ်ကင်ဆာ 

အမေရိကန်ကင်ဆာအဖွဲ့အစည်း (American Cancer Society) မှ အသက် ၆၅ နှစ်မတိုင်မီ ဆီးကျိတ်ကင်ဆာဖြစ်ပွားသော ဖခင် သို့မဟုတ် ညီအစ်ကိုများရှိသည့်အမျိုးသားများသည် အသက် ၄၅ နှစ်မှစတင်၍ ဆရာဝန်နှင့် တိုင်ပင်၍ (စအိုလမ်းကြောင်း စစ်ဆေးခြင်းအပါအ၀င် သို့မဟုတ် မပါဘဲ) PSA သွေးစစ်ခြင်း ပြုလုပ်သင့်သည်ဟု အကြံပြုထားသည်။

အကိုးအကားအမေရိကန်ကင်ဆာအဖွဲ့အစည်း ၂၀၁၅ (American Cancer Society 2015) ၏ ကင်ဆာရောဂါကို စောစီးစွာရှာဖွေသိရှိနိုင်စေရန် လမ်းညွှန်ချက်များ

အသည်းကင်ဆာ

အသည်းရောင်အသားဝါ ဘီပိုး (HBV) နှင့် အသည်းရောင်အသားဝါ စီပိုး (HCV) တို့သည် အသည်းကင်ဆာ ဖြစ်ပွားမှုအတွက် ကြီးမားသောအန္တရာယ်တစ်ခုဖြစ်ကြောင်း ကူးစက်ပျံ့နှံ့မှုဆိုင်ရာသက်သေ အထောက်အထားများမှ ဖော်ပြထားသည်။ ထို့ကြောင့် အသည်းရောင်အသားဝါ B ပိုးပရိုဖိုင် (HBsAg Anti-HBs နှင့် Anti-HBc) နှင့် အသည်းရောင်အသားဝါစီပိုး (anti-HCV) တို့ကို သီအိုရီအရ အခြေခံစစ်ဆေးခြင်းနှင့် အသည်းကင်ဆာကို အနီးကပ်စောင့်ကြည့်ခြင်းအတွက် အသုံးပြုပါသည်။

အူမကြီးနှင့် စအိုကင်ဆာ

အမေရိကန်ကင်ဆာအဖွဲ့အစည်း (American Cancer Society) နှင့် အမျိုးသားကင်ဆာဌာန (National Cancer Institute) မှ အကြံပြုချက်များအရ အသက် ၅၀ မှစတင်ပြီး အမျိုးသားရော အမျိုးသမီးများပါ အူမကြီးနှင့် စအိုကင်ဆာစစ်ဆေးခြင်းကို sigmoidoscopy သို့မဟုတ် colonoscopy အနည်းဆုံး ၅၁၀ နှစ်ခြား ပြုလုပ်သင့်ပါသည်။

အကိုးအကားအမေရိကန်ကင်ဆာအဖွဲ့အစည်း ၂၀၁၅ (American Cancer Society 2015) နှင့် အမျိုးသားကင်ဆာဌာန ၂၀၁၅ (National Cancer Institute 2015) ၏ ကင်ဆာရောဂါကို စောစီးစွာရှာဖွေသိရှိနိုင်စေရန် လမ်းညွှန်ချက်များ

သားဥအိမ်ကင်ဆာ

မကြာသေးမီက CA 12-5 နှင့် HE4 ကို သားဥအိမ်ကင်ဆာ၏အစောပိုင်းရောဂါရှာဖွေတွေ့ရှိမှုအတွက် အကျိတ်အမှတ်အသားများအဖြစ် တွင်ကျယ်စွာအသုံးပြုကြသည်။ သားဥအိမ်ကင်ဆာရှိသော ၈၀၈၅ ရာခိုင်နှုန်းခန့် အမျိုးသမီးများသည် သားဥအိမ်ကင်ဆာမရှိသော အမျိုးသမီးများနှင့် နှိုင်းယှဉ်ပါက ဤအကျိတ်အမှတ်အသားများကို မြင့်တက်နေတတ်သောကြောင့် ဖြစ်ပါသည်။

အကိုးအကား– UK ကင်ဆာသုတေသန၊ ROMA Algorithm ဖြင့် သားဥအိမ်ကင်ဆာကို အကဲဖြတ်ခြင်း (2014)

အစောပိုင်းကင်ဆာရောဂါရှာဖွေခြင်းနှင့် ကာကွယ်ခြင်းစင်တာကို ဘာကြောင့်‌ ရွေးချယ်သလဲ။

  • အစောပိုင်းကင်ဆာရောဂါရှာဖွေခြင်းနှင့် ကာကွယ်ခြင်းစင်တာသည် ကင်ဆာ‌‌ရောဂါကာကွယ်ခြင်း၊ စစ်ဆေးခြင်း၊ ရောဂါရှာဖွေခြင်း၊ ကုသရေးအစီအစဉ်ဆွဲခြင်းနှင့် နောက်ဆက်တွဲစောင့်ကြည့်ခြင်းများနှင့် စပ်လျဉ်းသည့် အလုံးစုံ ပြီးပြည့်စုံသော ဝန်ဆောင်မှုများကို ပေးဆောင်သည့် ထိုင်းနိုင်ငံ၏ပထမဆုံး ဖြစ်သည်။
  • ကင်ဆာရောဂါရှာဖွေဖော်ထုတ်ရန်နှင့် ကင်ဆာခြေနိုင်ခြေအချက်များကိုလျှော့ချရန် နောက်ဆုံးပေါ်ဆေးဘက်ဆိုင်ရာနည်းပညာနှင့် စက်ကိရိယာများကို အသုံးပြုသည်။
  • လူနာအားလုံးသည် အသက်၊ လိင်၊ မျိုးရိုးဗီဇရာဇဝင်နှင့် နဂိုရှိပြီးသား အခြေအနေများစသည့် အကြောင်းရင်းများပေါ်မူတည်၍ တစ်ဦးချင်းအလိုက်သီးသန့်ပြုလုပ်ထားသော ကင်ဆာစစ်ဆေးခြင်းနှင့် ကင်ဆာခြေနိုင်ခြေများ စစ်ဆေးခြင်းဆိုင်ရာ ဝန်ဆောင်မှုများကို ရရှိနိုင်မည်ဖြစ်သည်။ လူနာများသည် ကင်ဆာစောင့်ရှောက်မှု၏ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ကဏ္ဍများကို အာရုံစိုက်သည့် အထူးကုဆရာဝန်ကြီးများအဖွဲ့မှ စဉ်ဆက်မပြတ် စောင့်ရှောက်မှုနှင့် နောက်ဆက်တွဲ စောင့်ကြည့်မှုများကိုလည်း ရရှိနိုင်မည်ဖြစ်သည်။

သတင်းအချက်အလက် ပိုမိုရယူရန် ဆက်သွယ်ပေးပါ
အစောပိုင်းကင်ဆာရောဂါရှာဖွေခြင်းနှင့် ကာကွယ်ခြင်းစင်တာ