ဘာကြောင့် Wattanosoth Hospital ကို ရွေးချယ်သင့်တာလဲ။

ဘာကြောင့် Wattanosoth Hospital ကို ရွေးချယ်သင့်တာလဲ။

ထိုင်းနိုင်ငံတွင် ပုဂ္ဂလိကကင်ဆာ‌ရောဂါကုသရေးအဖွဲ့အစည်းအဖြစ်ဆောင်ရွက်ခဲ့သော ၁၀ နှစ်တာအတွေ့အကြုံတို့ဖြင့် Wattanosoth ဆေးရုံကြီးသည် "ပြီးပြည့်စုံသောကင်ဆာရောဂါစောင့်ရှောက်မှု" ဆိုသောခံယူချက်ဖြင့် ကင်ဆာရောဂါလူနာ

ကင်ဆာရောဂါကုသမှုဆိုင်ရာကျွမ်းကျင်မှု (ဘက်စုံကင်ဆာ‌ရောဂါစောင့်ရှောက်မှု)

  • ကျွန်ုပ်တို့သည် ထိုင်းနိုင်ငံ၏အကြီးဆုံးကျန်းမာရေးစောင့်ရှောက်မှုကွန်ရက်များထဲမှ တစ်ခုဖြစ်ပါသည်။
  • ကျွန်ုပ်တို့၏ဆရာဝန်များသည် နိုင်ငံတွင်းရှိအကောင်းဆုံးသောဆရာဝန်များအဖြစ် အသိအမှတ်ပြုခံရပါသည်။
  • ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏လူနာများကို ဘက်စုံဆေးဘက်ဆိုင်ရာကျွမ်းကျင်သူများအဖွဲ့မှ ပြုစုစောင့်ရှောက်ပါသည်။
  • ကျွန်ုပ်တို့သည် အကောင်းဆုံးရလဒ်အတွက် အဆင့်မြင့်ရောဂါရှာဖွေရေးနှင့် ကုသရေးနည်းပညာများကို အသုံးပြုပါသည်။
  • ကျွန်ုပ်တို့သည် ကင်ဆာလူနာများအား ရောဂါအခြေအနေပို၍မဆိုးရွားစေရန်ကာကွယ်ခြင်း၊ ရောဂါရှာဖွေခြင်းနှင့် အရည်အသွေးပြည့်မီသောကုသခြင်းဆိုင်ရာဝန်ဆောင်မှုများကို ကူညီဆောင်ရွက်ပါသည်။
  • ကျွန်ုပ်တို့သည် လူနာများ၏ကျန်းမာရေးကိုမြှင့်တင်ပေးပြီး ကင်ဆာရောဂါမှ ပြန်လည်ကောင်းမွန်လာစေရန် ကူညီပံ့ပိုးပေးနိုင်ပါသည်။

အထူးကောင်းမွန်ဝန်ဆောင်မှုများ (လူနာနှင့်မိသားစုကို အလေးပေးသောစောင့်ရှောက်မှု)

  • ကျွန်ုပ်တို့သည် ကင်ဆာရောဂါခံစားနေရသောလူနာများအား စောင့်ရှောက်မှုကို အထူးအာရုံစိုက်ပါသည်။
  • ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏လူနာများကို အဆင့်မြင့်ကုထုံးများဖြင့် ကုသမှုပေးပါသည်။
  • ကျွန်ုပ်တို့သည် အကြံဉာဏ်ပေးခြင်းနှင့် ပညာရေးဆိုင်ရာလှုပ်ရှားမှုများကို ပံ့ပိုးပေးပါသည်။
  • ကျွန်ုပ်တို့သည် ကင်ဆာရောဂါကာကွယ်ရန်နှင့် ကင်ဆာရောဂါပြန်ဖြစ်ခြင်းမှကာကွယ်ရန် ကျွန်ုပ်တို့၏လူနာများနှင့် မိသားစု၏လူနေမှုပုံစံများပြောင်းလဲရန် ပံ့ပိုးကူညီပါသည်။

ကင်ဆာရောဂါအတွက် အကောင်းဆုံးကုသမှု

  • ကျွန်ုပ်တို့သည် ခေတ်မီသောကင်ဆာရောဂါကုထုံးများဖြင့် ကုသစောင့်ရှောက်ပေးပါသည်။
  • ကျွန်ုပ်တို့သည် လူနာများနှင့်မိသားစုများအတွက် ဧည့်ဝတ်ကျေပွန်ခြင်းနှင့် အရည်အသွေးကောင်းမွန်သော ရောဂါစောင့်ရှောက်မှုများကို အလေးအနက်ထားဆောင်ရွက်ပါသည်။
  • ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ဝန်ဆောင်မှုများနှင့်စောင့်ရှောက်မှုတို့ကို အမြဲတိုးတက်စေရန်ဆောင်ရွက်နေပါသည်။
  • ကျွန်ုပ်တို့သည် ကမ္ဘာ့အဆင့်မီသူနာပြုစောင့်ရှောက်မှုကို ပေးလျက်ရှိပါသည်။
  • ကျွန်ုပ်တို့သည် ကမ္ဘာ့စံချိန်စံညွှန်းများဖြင့် အသိအမှတ်ပြုခံရပါသည်။